Unicode
အမေတို့ကိုပို့ပေးပြီးသူအိမ်ပြန်ရောက်တော့ ည၁၀နာရီကျော်နေပြီဖြစ်သည်။ အခန်းထဲရောက်တော့ ပန်းနုရောင်ညအိပ်ဝတ်စုံလေးနှင့်ကုတင်ပေါ်မှာအိမ်မောကျနေသည့်သူမလေးကိုတွေ့လိုက်ရသည်။ကိုယ်ပေါ်မှာရှိနေသည့်ကုတ်အင်္ကျီကိုချွတ်လိုက်ကာနက်ကတိုင်ကိုပါဆွဲဖြုတ်လိုက်ပြီး သူမလေးရှိရာကိုလျှောက်သွားလိုက်သည်။ နဖူးပေါ်သို့အနမ်းတစ်ချက်ခြွေလိုက်ပြီး ပြန်ထကာရေမိုးချိုးရန်ပြင်ဆင်လိုက်သည်။
ရေချိုးပြီးသည်နှင့်ရေတွေကိုပြောင်စင်အောင်သုတ်ကာ သူမနှင့်ဆင်တူအပြာရောင်ညအိပ်ဝတ်စုံလေးကိုထုတ်ဝတ်လိုက်သည်။
ထို့နောက် ကုတင်ပေါ်တက်ကာလှဲလိုက်ပြီးနွေးထွေးသည့်ခန္ဓာကိုယ်လေးကိုပါဆွဲယူပွေ့ဖက်လိုက်သည်။ လက်နဲ့ထိမိသွားသည့်သူမဆံပင်အဖျားတွေကမခြောက်သေးတာကိုစမ်းမိသွားလျှင် ရေချိုးပြီးတန်းအိပ်သွားပုံပေါ်တာကို သတိထားမိသွားသည်။သူတစ်ချက်ပြုံးလိုက်ပြီးထထိုင်လိုက်ကာခေါင်းရင်းမှရှိနေသေးသည့်တဘတ်ကိုယူလိုက်ပြီးသူမဆံပင်တွေကို အနောက်ကနေဖွဖွလေးသုတ်ပေးနေမိသည်။ခြောက်သလောက်ရှိမှတဘတ်ကိုကုတင်ဘေးက စားပွဲပေါ်တင်လိုက်ကာပြန်လှဲလိုက်တော့ သူမကလူးလွန့်လာကာသူ့ဘက်ကိုလှည့်လာပြီးလက်တွေကပါသူ့ကိုသိုင်းဖက်လာသည်။
ခေါင်းထဲမှာပူထူသွားသည့်သူကအကြမ်းပတမ်းနမ်းရှိုက်ဖို့ပြင်လိုက်ပေမယ့်သူမလေးနိုးသွားမှာစိုးတာကြောင့် အသာပြန်ပွေ့ဖက်လိုက်ပြီးပါးပြင်လေးကိုဖွဖွလေးနမ်းလိုက်သည်။ပြီးနောက်နီရဲနေသည့်နှုတ်ခမ်းလေးတွေကိုပါသူ့နှုတ်ခမ်းနှင့်ထိကပ်ထားကာညင်သာစွာနမ်းနေလိုက်သည်။
ထိုစဉ်vibrateလုပ်ထားသည့်သူ့ဖုန်းကတုန်ခါလာတာကြောင့်ကြည့်လိုက်တော့nik..
သူထကာအခန်းပြင်ထွက်လာပြီးတော့မှ"ဟယ်လို"
"ကိုနေအိပ်နေပြီလား ကျွန်တော်နှောင့်ယှက်သလိုဖြစ်သွားရင်တောင်းပန်ပါတယ်အရေးတကြီးပြောစရာရှိလို့"
"အေးပြောလေ"
"ကျွန်တော်မနက်အစောဆုံးflightနဲ့နယူးယောက်ပြန်တော့မယ်"
YOU ARE READING
Endless Love (Completed)
Romanceကိုယ့်ရဲ့အသက်ကိုကယ်ပေးခဲ့တဲ့ ကောင်မလေးကို မေ့လို့မရအောင်ချစ်မိသွားခဲ့တဲ့ နေလရောင် ကိုယ့်ကိုချစ်ပါတယ်လို့အတွင်တွင်ပြောနေတဲ့ သူ့ရဲ့အဝေးကိုပဲ ထွက်ပြေးချင်နေမိတဲ့ လင်းလက်လ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်ကဘာတွေများဆက်ဖြစ်မှာလဲ ဆုံစည်းမှာလား ကွဲကွာမှာလား....