အပိုင်း(၁၉)

3.4K 96 1
                                    

Unicode

"ကိုနေ မြန်မာပြည်ကဟိုတယ်လုပ်ငန်းကအားလုံးနီးပါးအခြေကျလာပြီဆိုတော့ဘယ်လိုစဉ်းစားထားလဲ"

နေလရောင်ထိုင်ခုံပေါ်မှာခြေပစ်လက်ပစ်ထိုင်လိုက်ရင်း

"ဒယ်ဒီနဲ့ပတ်သက်ပီးငါဆုံးဖြတ်ရခက်နေတာ
nikဘယ်လိုလုပ်ရင်ကောင်းမလဲ"

"အဲ့အကြောင်းတွေကကိုနေပြောပြထားလို့ကျွန်တော်လည်းသိထားတာပဲ ဒီမှာနေခဲ့ပီးကျွန်တော်ဆက်စုံစမ်းထားပေးမယ် ကိုနေစိတ်ချပါ"

"ကောင်းပီ အာ့ဆိုမူးယစ်ဆေးလုပ်ငန်းတွေကိုရပ်ပစ်လိုက်တော့ မင်းတစ်ယောက်တည်းဆိုအန္တရာယ်များတယ် ဟိုတယ်အလုပ်ပဲလုပ်ပီးတော့တိတ်တဆိတ်စုံစမ်း တစ်ခုခုဆိုတာနဲ့ငါ့ကိုလှမ်းပြော ငါချက်ချင်းလာခဲ့မယ်"

"ဟုတ်ကဲ့ကိုနေ"

"ပီးတော့ရှေ့အပတ်ထဲမှာသွားဖို့စီစဉ်ထားတယ်။ဒီကအလုပ်တွေအကုန်လုံးကိုမင်းနာမည်နဲ့လွှဲပေးခဲ့မယ်။မင်းပဲဦးစီးလိုက်တော့"

nikဆိုတာသူ့အတွက်တော့လူယုံတစ်ယောက်ထက်ပိုတဲ့ ညီအစ်ကိုလိုသံယောဇဉ်မျိုးပင်။ဒယ်ဒီဆုံးပါးပီးတဲ့နောက်မှာ nikအဖေကသူတို့နှစ်ယောက်လုံးကိုစောင့်ရှောက်ပေးခဲ့ပေမယ့် အခုချိန်မှာတော့ဘယ်ဆီရောက်နေမှန်းမသိပေ။ထို့ကြောင့်သူ့အနားမှာကျန်ခဲ့သည့်nikကတော့ သူ့အတွက်ညီအရင်းတစ်ယောက်လိုပင်ဖြစ်နေခဲ့သည်။

နေလရောင်သူမရဲ့အခန်းထဲကိုဝင်လိုက်တော့
ကုတင်ပေါ်မှာတစောင်းလေးလှဲကာအိပ်ပျော်နေသည့်မျက်နှာလေးကသူ့အတွက်တော့အသက်ကယ်ဆေးလိုပင်။ အိမ်ပြန်ရတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ပျော်မြူးနေပီးသူ့ကိုတဖြည်းဖြည်းလက်ခံလာသည့်သည်အခြေအနေလေးကိုမပျက်စီးစေချင်။

မျက်နှာပေါ်ကျနေသော ဆံပင်လေးတွေကိုသပ်တင်လိုက်ကာ နားနောက်ညှပ်ပေးလိုက်ပီးသူ့လက်ကသူမမျက်နှာအစိတ်အပိုင်းလေးတွေကိုတစ်ခုချင်းကိုင်ကြည့်နေမိ၏ ။

နီရဲငုံထွေးနေသည့်နှုတ်ခမ်းနားရောက်သည့်အခါမှာတော့ သူမတွန့်လူးလာသည်။

Endless Love (Completed)            Where stories live. Discover now