Unicode
moonအခန်းထဲပြန်ရောက်သည်နှင့်တံခါးကိုပိတ်လိုက်ကာကျောမှီလိုက်ပီး ရေစိုနေသည့်အဝတ်အစားတွေကိုလည်းမလဲမိ။
"ငါဘာတွေဖြစ်နေတာလဲ ဘာလို့ဒီလောက်တောင်ရင်တွေခုန်နေတာလဲ
ဒီလိုလေးပဲပြောရသေးတာကိုပျော်ဝင်ချင်နေတာလား"အကယ်၍များသူသာငါ့ကိုမဖမ်းခေါ်ခဲ့ဘူးဆိုရင် ငါ..ငါသူ့ကို..
"ဟင့်အင်း..ဟင့်အင်း..မဖြစ်နိုင်ပါဘူး လင်းလက်လသတိလေးဘာလေးထားပါအုံး"
ခုန်နေဆဲရင်က ပါးစပ်ကပြောနေတဲ့စကားတွေနဲ့ဆန့်ကျင်ဘက်အတိုင်းဖြစ်နေရာ
"ကျွန်မရှင့်ကိုချစ်နေမိပီထင်တယ် နေလရောင်"
................
"ဟတ်ချိုး"
နေလရောင် nikနဲ့စကားပြောနေရင်းမှ သူမကိုလှည့်ကြည့်သည်။
moonလက်ကာပြလိုက်ပီး ထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်။
မနက်ကအဝတ်အစားလဲဖို့မေ့သွားတာကြောင့် အအေးပတ်ချင်သလိုဖြစ်နေတာနဲ့ဆေးကြိုသောက်ထားတာတောင် သူ့ရှေ့ရောက်မှ ထနှာချေသည့်အဖြစ်။
"ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
မေးပီးmoonနှဖူးပေါ်လာတင်သည့်သူ့လက်ကြောင့်လိမ်လို့လည်းမရတော့။
"အအေးပတ်ချင်သလိုဖြစ်နေတာ"
"ရေထဲမှာနေတာကြာသွားလို့ဖြစ်မယ်
မင်းနဲ့ကိုယ်နဲ့နေရာလပ်မရှိအောင်ကပ်ထားတာတောင် ဘယ်လိုများအအေးပတ်ပါလိမ့်
ကိုယ်မင်းကိုဖက်ထားတာပဲဟာ""ဟင်..ရှင်.."
နေလရောင်ပြောလိုက်တော့ ထမင်းစားခန်းထဲကထွက်မသွားသေးသည့်nikမျက်လုံးတွေပြူးကာ အလျင်အမြန်ထွက်ဖို့ပြင်ပီး
"ကိုနေ ကျွန်တော်သွားတော့မယ်"
"အင်း"
nikထွက်သွားတော့မှ moonသူ့ဘက်ပြန်လှည့်ကာ
"ရှင်စကားကိုဘယ်လိုပြောနေတာလဲ တခြားသူကြားရင်ဘယ်လိုထင်မလဲ"
"ဘယ်သူမှမကြားပါဘူး ကြားလည်းကြားပါစေပေါ့"
"ရှင်နဲ့ကျွန်မကို မဟုတ်တာတွေထင်သွားမှာပေါ့"
YOU ARE READING
Endless Love (Completed)
Romanceကိုယ့်ရဲ့အသက်ကိုကယ်ပေးခဲ့တဲ့ ကောင်မလေးကို မေ့လို့မရအောင်ချစ်မိသွားခဲ့တဲ့ နေလရောင် ကိုယ့်ကိုချစ်ပါတယ်လို့အတွင်တွင်ပြောနေတဲ့ သူ့ရဲ့အဝေးကိုပဲ ထွက်ပြေးချင်နေမိတဲ့ လင်းလက်လ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်ကဘာတွေများဆက်ဖြစ်မှာလဲ ဆုံစည်းမှာလား ကွဲကွာမှာလား....