အပိုင်း(၈)

3.8K 137 0
                                    

Unicode

ဒီနေရာကိုရောက်တာသုံးရက်ပြည့်သည့်နေ့
moonပထမဆုံးအခန်းအပြင်ကိုထွက်ခဲ့ခြင်းဖြစ်သည်။

သုံးထပ်တိုက်ကြီး၏အထပ်တိုင်းမှာ အနောက်တိုင်းဝတ်စုံပြည့်ဝတ်ထားတဲ့သူများရှိနေပီး ကျောက်ရုပ်လိုမျိုးအသင့်အနေအထားပုံစံရှိနေကျသည်။

moonတအံ့တဩငေးမောကြည့်ရင်း

" ဒီလောက်လူတွေအများကြီးထားပီး ဘာလုပ်မလို့လဲမသိဘူး"

" ဒီမှာ ဒီမှာ နေလရောင်ဆိုတဲ့လူ ဘယ်သွားလဲသိလား"

moonအရဲစွန့်ပီးမေးလိုက်သော်လည်း ထိုသူကပြန်ဖြေလာခြင်းမရှိ

" သူကဘာအလုပ်လုပ်တာလဲ ဘယ်လိုလူစားမျိုးလဲဆိုတာရောသိလား"

ထိုသူမှထုံးစံအတိုင်းပဲရပ်နေရာ..

"ဟ ဘယ်လိုလူတွေလဲ မြန်မာလိုပဲနားမလည်လို့လား"

moonဆက်မမေးတော့ပဲ အိမ်ထဲမှထွက်၍ခြံထဲသို့ဆင်းလာခဲ့၏ ။

ဥယျာဉ်လိုဖြစ်နေသည့်ခြံကြီးထဲမှာတော့ ပန်းပင်များနှင့်သာပြည့်နေပီး အစောင့်တစ်ယောက်မှမတွေ့ရ။

ပန်းပင်များစိုက်ထားသည်က လမ်းသဖွယ်ဖြစ်နေပီးခြံဘယ်လောက်ထိကျယ်သည်ကိုmoonခန့်မှန်းလို့မရဖြစ်နေ၏ ။

" ဒီခြံထဲကနေတော့ အပြင်ကိုထွက်လို့ရမှာပဲ အပြင်ရောက်ရင် ငါထွက်သွားလို့ရပီ တော်ပါသေးရဲ့ ဒီနားမှာလူတစ်ယောက်မှရှိမနေလို့"

moonကိုယ့်စိတ်ကူးနဲ့ကိုယ် ဝမ်းသာအားရဖြစ်သွားပီး ပန်းဥယျာဉ်လိုဖြစ်နေသည့်ခြံကြီးထဲ လမ်းတွေ့ရာနိုးနိုးလျှောက်သွားနေမိ၏ ။

" ဟူး မောလိုက်တာ အပြင်ထွက်ရဖို့နေနေသာသာငါဒီထဲမှာပဲ လမ်းပျောက်နေတာလား"

ကြီးမားလွန်းတဲ့ခြံကြီးထဲမှာ အိမ်ထဲပြန်ဝင်ဖို့တောင်လမ်းမသိတော့ပဲ ဖြစ်နေခဲ့လျှက်

" ငါ့ကိုထားထားတဲ့အခန်းကနေကြည့်တုံးက ဒီလောက်မကြီးသလိုပဲ ပီးတော့လမ်းလည်းရှင်းနေပါတယ် အခုမှဘယ်လိုဖြစ်တာလဲ"

တကယ်လည်းသူမ ဆင်းလာခဲ့တာ ထွက်ပြေးဖို့အတွက်မျှော်လင့်ချက်တွေနှင့်ပင်။

Endless Love (Completed)            Wo Geschichten leben. Entdecke jetzt