Unicode
" Bossသူတို့နှစ်ယောက်ရောက်ပါပီ"
nikကအပြင်လူတွေရှေ့ရောက်လျှင် သူ့ကိုBossဟုသာခေါ်တက်သည်မို့ နေလရောင်သိလိုက်သည်။
" အထဲလွှတ်လိုက်"
" knock knock..."
သူမတို့နှစ်ယောက်ထိတ်လန့်စွာနဲ့ပင် တံခါးခေါက်လိုက်၏ ။
" Good Morning Sr.. I'm so sorry for.."
" မင်းတို့နှစ်ယောက်က moonနဲ့cindy ဆိုတာလား"
" ရှင်.. ဟုတ်... ဟုတ်ကဲ့"
သူမတို့ တအံ့တဩနဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းဖြေလိုက်သည်။
" ကျောင်းချိန်ပြောင်းထားတယ်ဆိုတာ မင်းတို့နှစ်ယောက်မသိဘူးလား"
" ဟုတ် သိ.. သိပါတယ်.."
အမှန်ဆို kateနေမကောင်းဖြစ်နေ၍ဆေးရုံလိုက်ပို့နေသောကြောင့် တစ်နာရီကျော်နောက်ကျသွားခြင်းဖြစ်သည်။
" နောက် ကျောင်းအဝင်ဝကပန်းအိုးလည်းကွဲသွားတယ် မင်းတို့နှစ်ယောက်ထဲကဘယ်သူလုပ်တာလဲ"
moonအရှေ့ကိုတိုးရပ်လိုက်ပီး...
" အဲ့ဒါက နောက်ကျနေပီဆိုပီးပြေးလာရင်းနဲ့တိုက်မိသွားတာပါ တောင်းပန်ပါတယ်"
နေလရောင် မျက်ခုံးတွေကိုတွန့်ကွေးလိုက်ရင်း..
" မင်းကြောင့်ဖြစ်တာလို့ပြောချင်တာလား"
" ဟုတ်.. ဟုတ်ကဲ့"
cindyကိုပြန်ကြည့်မိတော့ cindyကခေါင်းလေးအောက်ကိုငုံ့လျှက်...
" ကောင်းပီလေ ကျောင်းနောက်ကျတာကိုတော့ အခန်းသန့်ရှင်းရေးလုပ်တာနဲ့ချေလိုက်လို့ရပေမယ့် ပန်းအိုးကွဲတာကိုတော့လျော်ကြေးပေးရမယ်"
" ဟုတ်ကဲ့ ပေးပါ့မယ်"
" nik မင်းအပြင်မှာလား"
" ဟုတ် Boss "
" သန့်ရှင်းရေးလုပ်ရမယ့်အခန်းကို လိုက်ပို့လိုက်"
moonနဲ့cindyနှစ်ယောက်လှည့်ထွက်ဖို့ပြင်လိုက်လျှင်...
" မင်းမပါဘူး မင်းနေခဲ့"
" ရှင်.."
cindyက moonကိုအားပေးသလိုကြည့်ပီး nikနှင့်အတူလှည့်ထွက်သွား၏ ။
YOU ARE READING
Endless Love (Completed)
Romanceကိုယ့်ရဲ့အသက်ကိုကယ်ပေးခဲ့တဲ့ ကောင်မလေးကို မေ့လို့မရအောင်ချစ်မိသွားခဲ့တဲ့ နေလရောင် ကိုယ့်ကိုချစ်ပါတယ်လို့အတွင်တွင်ပြောနေတဲ့ သူ့ရဲ့အဝေးကိုပဲ ထွက်ပြေးချင်နေမိတဲ့ လင်းလက်လ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်ကဘာတွေများဆက်ဖြစ်မှာလဲ ဆုံစည်းမှာလား ကွဲကွာမှာလား....