အပိုင်း(၉)

3.6K 130 2
                                    

Unicode

" ဆရာ ဟိုကောင့်ကိုတွေ့ပီ"

" ငါ့ဆီကိုခေါ်လာခဲ့"

" ဟုတ်ကဲ့ဆရာ"

ဦးဟန်ကြည် ထိုင်ခုံကိုခြေထောက်ဖြင့်ဖယ်လိုက်ပီး ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိ၏ ။

" ဟေ့ကောင် မင်းခေါင်းမော့စမ်း ဘယ်ကနေဘယ်လိုပစ္စည်းတွေမရှိတော့တာလဲ ပြောစမ်း"

" ဆ..ဆရာ ကျွန်တော်နယူးယောက်ကကိုယ်စားလှယ်ကိုစောင့်နေတာ ၂နာရီကျော်ကြာသွားတယ်  သူရောက်လာတာနဲ့ချက်ချင်းပဲ ပစ္စည်းပြမယ်ဆိုပီးအိတ်ကိုစစ်ကြည့်လိုက်တော့ ပစ္စည်းတွေမရှိတော့ဘူး"

"ဘာ ဟေ့ကောင် မင်းလက်ထဲကနေအဲ့ပစ္စည်းတွေကဘယ်ရောက်သွားတာလဲ လေပေါ်ပျံသွားတာလား မြေကြီးထဲဝင်သွားတာလား"

"ကျွန်.. ကျွန်တော်တကယ်မသိပါဘူး ဘယ်သူ့လက်ထဲမှလည်းဒီအိတ်ကိုမပေးမိဘူး အဲ လေဆိပ်မှာတော့ လူတစ်ယောက်နဲ့ဝင်တိုက်မိတယ် အဲ့..အဲ့လူများလား"

" ဟားဟား မင်းကိုယ်မင်းတောင်မသေချာပဲနဲ့များသူများကိုလွှဲချနေသေးတယ်"

"အခုငါဆုံးရှုံးသွားတာက ဒေါ်လာသန်းပေါင်းချီတဲ့ပစ္စည်းတွေ မင်းဘယ်လိုလျော်ပေးမှာလဲ"

"ကျွန်တော်တောင်းပန်ပါတယ်ဆရာ ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ"

" ငါ့ဘဝမှာပိုက်ဆံနဲ့ပတ်သက်ပီးခွင့်လွှတ်တယ်ဆိုတာမရှိဘူး မင်းမှာလျော်ဖို့မရှိဘူးဆိုရင်တော့ မင်းအသက်နဲ့လဲလိုက်တော့"

" ဆ..ဆရာ ကျွန်တော့်ကိုကြိုက်တာလုပ်ပါသတ်တော့မသတ်ပါနဲ့"

" ဆရာ"

ဦးဟန်ကြည် အဂ္ဂ၏ခေါ်သံကြောင့် ကိုင်ထားသည့်သေနတ်ကို စင်ပေါ်တင်လိုက်ပီး

" ဘာထူးသေးလဲ"

"သူပြောတာတွေကအမှန်တွေပဲဆရာ အဲ့လူက နယူးယောက်မှာkingတစ်ကောင်ပဲ သူ့ကိုကျော်လို့ရတဲ့သူမရှိသေးဘူး"

ဦးဟန်ကြည် မျက်လုံးတွေကို မှေးစင်းကြည့်ရင်း

"သူကငါ့ကိုစည်းမကျော်နဲ့လို့ သတိပေးလိုက်တဲ့သဘောလား ငါလည်းငါ့နေရာမှာking ပဲဆိုတာဒီကောင်မသိသေးဘူးထင်တယ်"

Endless Love (Completed)            Where stories live. Discover now