အပိုင်း(၂၀)

3.3K 90 1
                                    

Unicode

မျက်လုံးတွေစုံမှိတ်ပီး စူးနေအောင်အော်သည့်အသံလေးကိုသဘောကျသွားပီး သူမကိုယ်ပေါ်လှုပ်ရှားနေမိသည့် သူ့လက်တွေကိုရပ်တန့်လိုက်ကာ

"moonကိုယ့်ကိုကြည့်အုံး"

"မကြည့်ဘူး လူကိုသပ်သပ်ညစ်ပတ်တာ သွားဖယ်တော့"

"မညစ်ပတ်ပါဘူးကွာ ကိုယ်ကနောက်အပတ်သွားဖို့အတွက်ကိုအဝတ်အစားအသစ်ဝယ်ပေးမလို့ ကိုယ်တိုင်းတိုင်းကြည့်တာ အရင်ကဝယ်ထားတဲ့ဟာတွေက မှန်းပီးဝယ်ထားတော့မင်းနဲ့တော်နဲ့ဟာကတော်တယ် မတော်တာတွေလည်းရှိတယ်မလား အာ့ကြောင့် အခုတိုင်းထားတော့ နောက်ကျအဆင်ပြေသွားတာပေါ့"

"ဘာကိုအဆင်ပြေတာလဲ ယုတ်မာတာ ရှင့်ကိုဒီလိုတိုင်းရတယ်လို့ဘယ်သူကသင်ပေးထားတာလဲ"

"ခေါ်ပြန်ပီလား ရှင်"

"မှားလို့ 'ကို' "

moonအခုနအခြေနေကြီးကိုထပ်မရောက်ချင်တဲ့အတွက် အမြန်ပြန်ပြင်ပြောလိုက်တော့..

"လိမ္မာတယ် ကိုယ့်ကောင်မလေး"

ပြောပီးနှုတ်ခမ်းတွေကိုတစ်ချက်ဖိနမ်းကာ

"ဒီနေ့ကိုယ်တို့အပြင်မှာတူတူသွားစားကျမယ်
ထ ရေချိုးပီးပြင်ဆင်တော့"

"ကိုယ်တို့နှစ်ယောက်ရဲ့ပထမဆုံးဒိတ်လေးကိုနယူးယောက်မှာကျင်းပခဲ့ရအောင်"

"အင်း"

သူမထ၍ရေမိုးချိုးကာအမြန်ဆုံးပြင်ဆင်လိုက်သည်။

ထို့နောက်သူမတို့နှစ်ယောက်၏ပထမဆုံးဒိတ်ကိုနယူးယောက်ရဲ့ရောင်စုံမီးရောင်တွေအောက်မှာပျော်ရွှင်စွာကျင်းပခဲ့သည်။

................................

*မြန်မာနိုင်ငံ ရန်ကုန်မြို့*

"မေမေ"

လေဆိပ်အတွင်းမှာလူတွေအများကြီးရှိနေပေမယ့် moonဟန်မဆောင်နိုင်စွာပဲအော်ခေါ်လိုက်သည်။

"သမီးလေး"

ဦးဝေလင်းသားအမိနှစ်ယောက်အတော်ကြာအောင်ပွေ့ဖက်ထားတာကိုကြည့်နေရင်းမှ အနောက်ကသူကိုမြင်လိုက်လျှင်

Endless Love (Completed)            Onde histórias criam vida. Descubra agora