အပိုင်း(၃)

4.8K 165 0
                                    

Unicode

" ဟိတ် ထတော့လေ ဒီနေ့လည်းအတန်းမတက်ဘူးလား"

moonအိပ်ချင်မူးတူးဖြင့်လူးလဲထရင်း..

" ဘယ်နှနာရီရှိသေးလို့လဲ အစောကြီးရှ်ိသေးတာကို"

" ဘယ်လိုလုပ်စောမှာလဲ ဒီမှာကြည့်နာရီ"

cindyကလက်မှာပတ်ထားသည့်လက်ပတ်နာရီအသေးလေးကိုထောင်ပြလိုက်သည်။

" ထတော့ မြန်မြန်လုပ် ငါkateကိုသွားခေါ်အုံးမယ်"

" အွန်း"
...............

Asther University သည်နာမည်မကြီးပေမယ့်မေဂျာခွဲများစွာနဲ့ အခြားနိုင်ငံများမှကျောင်းသားကျောင်းသူများပါ တက်ရောက်နိုင်သည့်ကျောင်းမျိုးဖြစ်သည်။

ထိုမေဂျာခွဲများထဲမှာ သူမတို့သူငယ်ချင်းသုံးယောက်လုံး language တန်းတွေသာယူခဲ့တာကြောင့် အခန်းချင်းတော့မတူကျပေ။

သူမတို့သူငယ်ချင်းသုံးယောက်လမ်းလျှောက်လာရင်းမှ....

" ဝါး အိပ်ချင်လိုက်တာ"

" ငါပြောဖို့လည်းထားပါအုံး moonရယ်
ဟိုမှာkate ကိုလည်းကြည့်အုံးမထချင်သေးတဲ့ပုံနဲ့ နင့်ကြည့်တော့လည်းတူတူပဲ မသိရင်ငါတစ်ယောက်တည်းလမ်းလျှောက်နေသလားမှတ်ရတယ်"

" ပိတ်ပီးမှပြန်တက်ရင်အဲ့လိုပဲ အကျင့်ပြန်လုပ်နေရတယ်"

" ဟေး အခုမှသတိရတယ် နင်တို့ကိုသတင်းတစ်ခုပြောစရာရှိသေးတယ်"

kate က အားတက်သရောပြောလိုက်လျှင်...

"ငါ့သူငယ်ချင်းလေး နိုးလာပီပဲ"

" မနောက်နဲ့တော့ငါပြောမလို့ဟာတောင် မေ့တော့မယ်"

" အမ်း ဘာသတင်းလဲပြောလေ"

" ငါတို့ကျောင်းမှာ ကျောင်းအုပ်အသစ်ပြောင်းမယ်တဲ့"

" နင့်ဘယ်သူပြောလဲ"

" ငါ့daddyက ဒီကျောင်းမှာရှယ်ယာဝင်ထားတယ်လေ အဲ့ဒါကြောင့်သိတာ ဘယ်လိုအကြောင်းကြောင့် ကျောင်းအုပ်ပြောင်းတာလဲတော့ငါလည်းမသိဘူး"

" တကယ်ကြီးလား"

cindy ကအံဩဟန်လေးနှင့်မေးသည်။

Endless Love (Completed)            Donde viven las historias. Descúbrelo ahora