အပိုင်း(၆)

4.1K 150 0
                                    

Unicode

" moon ငါလေယာဉ်ထွက်တဲ့အထိမစောင့်တော့ဘူးနော် နင်အဆင်ပြေတယ်မလား"

" ရပါတယ် kateရယ် ဒီထိလိုက်ပို့ပေးတာပဲ ကျေးဇူးတင်ပါတယ်"

"cindyကိုလိုက်ပို့တုံးက ငါတို့နှစ်ယောက်အတူပြန်ရတယ်နော် အခုငါတစ်ယောက်ပဲပြန်ရတော့မယ်"

cindy ရှေ့နှစ်ရက်ကသူ့မိဘတွေနဲ့အတူပြန်တာကို သူမသတိရပီးပြောခြင်းဖြစ်မှန်း moonသိလိုက်သည်။

" လာ ငါတို့နောက်ဆုံးတစ်ခေါက်လောက်ဖက်ရအောင်"

ခွဲခွာရတော့မည့်သူငယ်ချင်းနှစ်ယောက် တင်းကျပ်စွာဖက်ထားကျပီး

" kateမြန်မာပြည်လာလည်တဲ့အခါကျရင် ငါ့ဆီဆက်သွယ်အုံးနော်"

" အင်း နင်လည်းဒီကိုတစ်ခေါက်လောက်လာခဲ့အုံးလေ"

" အင်း ငါနင့်ကိုအမြဲသတိရနေမှာပါ"

အနီရဲရဲဆွယ်တာနှင့် ဂျင်းဘောင်းဘီရှည်ဝတ်ထားသည့် ဝင်းမွတ်သန့်စင်နေတဲ့moonရဲ့မျက်နှာလေးကို kateအနီးကပ်ကြည့်လိုက်ပီး

" အာ့ဆိုငါသွားတော့မယ်နော် လေယာဉ်ချိန်ကတော့ဘယ်လောက်မှမလိုတော့ဘူး နင်တစ်ယောက်တည်းဖြစ်တယ်မလား"

" အေးပါ kateရဲ့ စိတ်ချလက်ချသွား အချိန်လည်းနီးနေပီဟာ ငါရပါတယ်"

" အာ့ဆို bye bye"

နှုတ်ဆက်ထွက်ခွာသွားတဲ့ kateရဲ့ကားကိုလက်လှမ်းပြပီး moon လေဆိပ်အတွင်းထဲသို့ပြန်ဝင်လာခဲ့၏ ။

ထို့နောက် နာရီဝက်ကျော်စောင့်ရအုံးမည့်flightကို ဧည့်သည်ထိုင်ခုံမှာထိုင်ရင်း moonစောင့်နေခဲ့၏ ။

" အမ အမ အခုနထွက်သွားတဲ့ကားအနီလေးက အမသူငယ်ချင်းလား လမ်းဆုံမှာကားaccidentဖြစ်လို့ အခုဆေးရုံခေါ်သွားပီ"

"What the.."

"kateဘာများဖြစ်သွားပီလဲ"

moonအသိစိတ်လွတ်ကာပြေးထွက်ပီး taxiတားလျှင် ထိုကောင်လေးမှ..

"အမ ကျွန်တော်လိုက်ပို့ပေးမယ် ကားပေါ်တက်လိုက် အခုမှကားတားနေရင်မှီမှာမဟုတ်ဘူး"

Endless Love (Completed)            Where stories live. Discover now