Unicode
"moon အရမ်းကြာနေပြီနော် ကိုယ်လိုက်မပို့တဲ့အချိန်ကျမှအများကြီးဝယ်နေတာလား တော်ပြီနောက်နေ့မှဆက်ဝယ်တော့ ကိုယ်လာခေါ်ရမလား"
သူမလက်ထဲကအထုပ်တွေကိုလက်တစ်ဖက်နဲ့စုကိုင်လိုက်ကာ နားနဲ့ပုခုံးကြားမှာညှပ်ထားသည့်ဖုန်းကိုကျန်လက်တစ်ဖက်နှင့်ကိုင်လိုက်ပြီး
"ဝယ်တာကဝယ်ပြီးပါပြီကိုရဲ့ အခုကားစီးမလို့လမ်းလျှောက်နေတာ"
"အာ့ကြောင့်driverကိုခေါ်ထားပါပြောတာကိုဘာလို့ပြန်လွှတ်လိုက်တာလဲ လမ်းလျှောက်ရတာခြေထောက်နာနေပြီမလား"
"ဟက်ဟက် မနာပါဘူးအဲ့လိုလွတ်လွတ်လပ်လပ်မပတ်ရတာတောင်ကြာပြီ ယောက်ျားကြီးကဘေးမှာအမြဲပါနေလို့လေ"
"ဟုတ်ပြီလေ အခုအဲ့ဒီယောက်ျားကြီးကလာခေါ်တော့မယ်စောင့်နေနော်"
"ဟာ..ကို နောက်တာကိုဘယ်လိုဖြစ်နေတာလဲ ဒီနေ့ဟိုတယ်မှာအလုပ်ရှုပ်နေလို့လိုက်မပို့တာနော်လို့ပြောပြီး ဖုန်းခေါ်တာပဲဘယ်နှခါရှိပြီလဲ"
"ဘယ်နှခါရှိရှိလေ တစ်ယောက်တည်းစိတ်မချပါဘူးဆိုမှmoonကသွားချင်တာကိုး အခုလိုအသံလေးကြားနေရတော့နည်းနည်းအဆင်ပြေသေးတယ်"
ပြောနေရင်းနဲ့မှကားသံကြားလိုက်ရတာကြောင့်
"ကိုကားမောင်းနေတာလား"
"ဟုတ်တယ်လေ moonကိုလာခေါ်မလို့ တစ်ယောက်တည်းပြန်ခိုင်းဖို့စိတ်မချတော့ဘူး"
"ကိုကလည်း ရပါတယ်ဆိုနေမှအလုပ်တွေရောဘယ်လိုလုပ်မလဲ"
"အလုပ်ထက်moonကပိုအရေးကြီးတယ် အခုလာနေပြီလမ်းမှာ ခနနေရောက်တော့မယ်ခဏပဲစောင့်ပေး"
"အင်းပါ ဟုတ်ပါပြီ"
ပြောလို့မရမယ့်ပုံမို့ ဆက်မပြောတော့ပဲဖုန်းချလိုက်ကာလူရှင်းတဲ့နေရာလောက်မှာရပ်စောင့်နေလိုက်သည်။
ကို့ကိုစောင့်နေရင်းနဲ့မှလမ်းမဘက်ကိုကြည့်လိုက်တော့ ကားတစ်စီးကသူမဆီကိုအရှိန်နဲ့တည့်တည့်လာနေတာတွေ့ရလျှင် ရှောင်လို့လည်းမလွတ်တော့တာကြောင့်မျက်လုံးတွေကိုသာစုံမှိတ်ချလိုက်သည်။
YOU ARE READING
Endless Love (Completed)
Romanceကိုယ့်ရဲ့အသက်ကိုကယ်ပေးခဲ့တဲ့ ကောင်မလေးကို မေ့လို့မရအောင်ချစ်မိသွားခဲ့တဲ့ နေလရောင် ကိုယ့်ကိုချစ်ပါတယ်လို့အတွင်တွင်ပြောနေတဲ့ သူ့ရဲ့အဝေးကိုပဲ ထွက်ပြေးချင်နေမိတဲ့ လင်းလက်လ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်ကဘာတွေများဆက်ဖြစ်မှာလဲ ဆုံစည်းမှာလား ကွဲကွာမှာလား....