အပိုင်း(၁၅)

3.4K 117 1
                                    

Unicode

နေလရောင်ရှက်ရမ်းရမ်းပီးအတင်းရုန်းကန်နေတဲ့သူမကိုတစ်ချက်ကြည့်လိုက်ပီး

"ဟ အတင်းမရုန်းနဲ့လေကွာ ပြုတ်ကျတော့မှာပဲ "

"ရှင်ဘာလို့အတင်းဖက်ထားတာလဲ"

"မင်းပြုတ်ကျမှာစိုးလို့လေ"

"ရတယ် မလိုဘူးလွှတ်လိုက်.."

"မင်းပြောတာနော် လွှတ်ပီ.."

သူကပြောသည့်အတိုင်းပင်လွှတ်ချလိုက်လေရာ moonရေထဲသို့ခြေလွတ်လက်လွတ်ကျပီးခေါင်းပင်မြုပ်သွားရသည်။

သူ့အရပ်နှင့်တောင် ခေါင်းတစ်လုံးစာပဲအပေါ်ပေါ်သည့်ထိုရေကန်ကပေဘယ်လောက်နက်သည်လည်းမသိတော့ပါ။

moonရေမွန်းပီးအပေါ်ပြန်ပေါ်လာတော့ သူကပြန်ဖက်ထားလိုက်ကာ

"ဟိတ် moon ကိုယ့်ကိုကြည့်"

"အဟွတ်..ဟွတ်..ရှင်တမင်လုပ်တာမဟုတ်လား"

"မင်းပဲလွှတ်ပေးဆိုလို့ လွှတ်လိုက်တာလေ"

"အလကားလူ..ဒီမှာကျွန်မရေမွန်း.."

"အွန့်.."

စကားပင်မဆုံးသေးပဲ သူမနှုတ်ခမ်းမှာနွေးခနဲဖြစ်သွားရသည်။

စုပ်ယူနမ်းရှိုက်နေသည့်အနမ်းများအောက်မှာ
moonသူ့ကိုလည်းထပ်မတွန်းထုတ်ရဲပဲပြုတ်ကျမည်စိုးတာကြောင့် သူ့လည်ပင်းတွေကိုအတင်းအကျပ်ဖက်ထားနေမိ၏ ။

ထို့နောက်အနမ်းတွေကသူမလည်ပင်းတွေဆီသို့ကျူးကျော်လာခဲ့ပီး ပူနွေးသည့်သူ့နှုတ်ခမ်းတွေနှင့်စုပ်ယူနမ်းရှိုက်လေသည်။

တဖြည်းဖြည်းချင်းနမ်းရှိုက်နေရင်းမှ ရင်ညွန့်နားရောက်တဲ့အချိန်မှာ နှစ်ယောက်လုံးရဲ့အသက်ရှူသံတွေပါမြန်လာရသည်။

အင်္ကျီပေါ်ကနေနမ်းနေတာဖြစ်ပေမယ့် ရေစိုနေသည့်အင်္ကျီကသူ့နှုတ်ခမ်းတွေကြားမှာပျောက်ကွယ်နေခဲ့သလိုပင်။

ထို့နောက် သူမခါးကိုကျစ်နေအောင်ဖက်ထားသည့်သူ့လက်တစ်ဖက်က တဖြည်းဖြည်းရင်ဘတ်ပေါ်သို့ရောက်လာခဲ့လျှင်

Endless Love (Completed)            Where stories live. Discover now