Unicode
"nik ရှယ်ယာဝင်တွေနဲ့ငါဆွေးနွေးပီးပီ မင်းအဲ့ဘက်မှာအဆင်ပြေလား"
"ဟုတ် ကိုနေအဆင်ပြေတယ် ကျွန်တော်တို့လုပ်မယ့်ဟိုတယ်အကြောင်းကိုအသေးစိတ်ရှင်းပြတော့ လက်ခံကျတယ် ဒါပေမယ့်အကုန်လုံးတော့မဟုတ်သေးဘူး"
"အင်းဖြည်းဖြည်းချင်းလုပ် မလောလည်းရတယ်"
နေလရောင် ဖုန်းပြောပီးသည်နှင့် ရေချိုးရန်ပြင်ဆင်လိုက်သည်။
ရေချိုးခန်းထဲဝင်လိုက်ပေမယ့် ရေဗန်းကိုမဖွင့်ဖြစ်သေးပဲ သူ့ရဲ့အတွေးတို့ပျံ့လွင့်နေခဲ့၏ ။
moonကိုပြန်ပို့ဖို့ဆုံးဖြတ်လိုက်ပေမယ့် သူမနဲ့မခွဲချင်တဲ့သူ့စိတ်ကသူ့ကိုဒဏ်ခတ်လေသည်။ဒီကအလုပ်ကိစ္စတွေအားလုံးကို ထားပစ်ခဲ့ဖို့ကသိပ်မလွယ်ပေ။
ထို့နောက်ဒယ်ဒီနဲ့ပတ်သက်ပီးသူ့သိချင်သည့်အရာတွေမသိရသေးသည်က ပိုပီးခက်လှသည်။
သို့ပေမယ့်လည်းမြန်မာပြည်မှာအခြေချဖို့ကိုအမြန်ဆုံးလုပ်မှဖြစ်မည်မို့ nikနှင့်သူအစီစဉ်ဆွဲပီးစီးပွာရေးလမ်းကြောင်းကနေစတင်ခွဲထွက်ဖို့ပြင်ဆင်လိုက်သည်။
"ဟူး.."
မွန်းကျပ်မှုတွေကြားထဲမှာ သက်ပြင်းတစ်ချက်ချပီးရေဗန်းကိုဖွင့်လိုက်တော့ ကျလာသည့်ရေတွေကခန္ဓာကိုယ်ကိုအေးစက်သွားပီး မွန်းကျပ်မှုတွေခနလေးပြေပျောက်သွားသလိုပင်။
ရေချိုးပီးသည်နှင့် တဘက်တစ်ထည်ခါးမှာပတ်ကာဝိုင်တစ်ခွက်ကိုင်ပီးအပြင်ထွက်လိုက်တော့
"အမလေး..ရှင်"
moonကပျာကယာဟိုဘက်လှည့်လိုက်တော့
"ဟာ sry မင်းရောက်နေမှန်းမသိလိုက်လို့
ကိုယ်အင်္ကျီဝတ်လိုက်မယ် ခနလေးစောင့်ပေး"သွားတော့မယ် နောက်မှပဲပြောတော့မယ်"
ပြောရင်းနဲ့တံခါးကိုသွားပြန်ဖွင့်တော့ နေလရောင်ကသူမထက်မြန်သည်။တံခါးကိုလော့ချလိုက်ပီး သူမဘက်ပြန်လှည့်ကာ
"ပြောစရာရှိလို့လာတာမလား ဘာလို့ပြန်သွားမှာလဲ"
"ရှင်ဘာလို့လော့ချလိုက်တာလဲ"
ESTÁS LEYENDO
Endless Love (Completed)
Romanceကိုယ့်ရဲ့အသက်ကိုကယ်ပေးခဲ့တဲ့ ကောင်မလေးကို မေ့လို့မရအောင်ချစ်မိသွားခဲ့တဲ့ နေလရောင် ကိုယ့်ကိုချစ်ပါတယ်လို့အတွင်တွင်ပြောနေတဲ့ သူ့ရဲ့အဝေးကိုပဲ ထွက်ပြေးချင်နေမိတဲ့ လင်းလက်လ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်ကဘာတွေများဆက်ဖြစ်မှာလဲ ဆုံစည်းမှာလား ကွဲကွာမှာလား....