အပိုင်း(၁၀)

3.7K 123 1
                                    

Unicode

နေလရောင် ကော်ဖီတစ်ခွက်နှင့် ကိတ်မုန့်ထည့်ထားသည့်ပန်းကန်ကိုကိုင်ရင်း အခန်းထဲဝင်လာခဲ့၏ ။

ထို့နောက် ဖုန်းခေါ်နေသည့်moonကိုကြည့်လိုက်ပီး

"အဲ့ဖုန်းကကိုင်မယ့်သူရှိမှာမဟုတ်ဘူး ဘာလို့လဲဆိုရင် ကိုယ့်လက်ထဲမှာမို့လို့"

moonသူပြောသမျှကိုမှင်သက်စွာနားထောင်နေရင်း ခေါ်နေသည့်ဖုန်းကိုလည်းလက်ထဲကမချမိ။

ကိုယ့်မျက်နှာရှေ့ သူ့မျက်နှာရောက်လာမှ moonသတိရပီး

"ကျွန်မသူငယ်ချင်းkate...သူ့ကိုရှင်တစ်ခုခုလုပ်လိုက်တာလား"

"ဘာလို့အဲ့လိုထင်တာလဲ"

"ရှင်ကလူဆိုးတစ်ယောက်လေ သူ..သူ့ကိုရှင်သတ်ပစ်ပီး ဖုန်းယူလာတာလား"

"ဟား .. ဟား"

နေလရောင်သဘောကျစွာရီလိုက်မိသည်။

"ဖုန်းလေးယူတာကိုပဲကွာ လူသတ်ရမလား
ဖုန်းထက်တန်ဖိုးကြီးတဲ့အရာတွေတောင် ကိုယ်လွယ်လွယ်နဲ့ရခဲ့သေးတာ"

"ကိုယ့်လူတစ်ယောက်နဲ့ မင်းသူငယ်ချင်းတိုက်မိပီး ဖုန်းချင်းလဲသွားတဲ့ပုံစံမျိုးနဲ့အဲ့ဖုန်းကိုယူထားတာ မင်းသူငယ်ချင်းဘာမှမဖြစ်ပါဘူး"

"ကိုယ်လွယ်လွယ်နဲ့မရခဲ့တာဆိုလို့ မင်းအချစ်တွေပဲရှိတာ"

moonမျက်နှာရဲခနဲဖြစ်သွားကာ သူ့မျက်နှာနဲ့ဝေးတဲ့တစ်ဖက်သို့မျက်နှာလွှဲလိုက်၏ ။

နေလရောင် moonမျက်နှာလွှဲလိုက်သည့်တစ်ဖက်ဆီတိုးထိုင်လိုက်ပီး မျက်နှာကိုမရမကလိုက်ကြည့်ကာ..

"moon ကိုယ်မင်းကိုတောင်းဆိုထားတယ်လေ ဘာလို့ထွက်ပြေးပြန်တာလဲ"

"ရှင်တောင်းဆိုတာကို ကျွန်မလက်ခံမယ်လို့များပြောမိလို့လား"

"ဟွန့် ဘာပဲဖြစ်ဖြစ် မင်းကိုယ့်လက်ထဲကနေပြေးလို့မလွတ်ပါဘူး အပင်ပန်းမခံပါနဲ့"

"ဟင့်အင်း ထွက်ပြေးမှာ ရှင့်နားမှာမနေချင်ဘူး ရှင့်ကိုမုန်းတယ် မုန်းတယ်"

"ကိုယ်ကတော့ မင်းကိုချစ်တယ်လို့ပြောပီးသား မင်းလည်းကိုယ့်ကိုချစ်လာစေရမယ်moon"

Endless Love (Completed)            Where stories live. Discover now