Unicode
"ဟမ် ဒါဘယ်နေရာလဲ ငါဘယ်ရောက်နေတာလဲ"
moonလူးလဲထရင်း ကိုယ့်ကိုကိုယ်ငုံ့ကြည့်လိုက်၏ ။
သူမလေဆိပ်မှာတုံးကအဝတ်အစားအတိုင်းပဲရှိနေရာ...
"ငါ့အတွင်းကလီစာတွေရောင်းစားဖို့များ ခေါ်လာတာလား"
တုန်လှုပ်မှုတို့က သူမသတိမလစ်ခင်ကအတိုင်းရှိနေစဉ် အခန်းတံခါးပွင့်လာခဲ့၏ ။
"မင်းသတိရနေပီလား"
နေလရောင်မထိုင်ဖြစ်ပဲ မတ်တပ်ရပ်ရင်းနှင့်ပင်သူမကိုမေးလိုက်၏ ။
" ရှင်..ကျောင်းအုပ်ပါလား"
" မင်းကြောင့်နဲ့ခနတာရယူခဲ့တဲ့နေရာပါ"
"ဒါဆို ရှင်က"
"ကိုယ့်နာမည် နေလရောင်ပါ အသက်ကတော့မင်းထက်ငါးနှစ်ကြီးတယ် ဒီနယ်ပယ်ကသူတွေကတော့ leoလို့ခေါ်တယ်"
"ဘယ်သူကရှင့်အကြောင်းကိုသိချင်နေလို့လဲ
ကျွန်မကိုဘာလို့ခေါ်လာတာလဲပဲ ပြော"" ကျေးဇူးဆပ်ချင်လို့"
"ဘာ"
moonရဲ့ 'ဘာ' သံကကျယ်လောင်စွာထွက်ပေါ်သွားသော်လည်း သူကအသာပြုံးလိုက်ပီး
" ကိုယ့်ကိုမမှတ်မိဘူးလား ကိုယ်ကတော့အဲ့နေ့ထဲကမင်းပုံစံလေးကိုမေ့လို့မရခဲ့တာ"
"မသိဘူး ကျွန်မအိမ်ပြန်ချင်တယ် ပြန်ပို့ပေးပါ"
သူဘာတွေပြောနေသည်ကို moonတကယ်ပဲနားမလည်ခဲ့ပေ။ထို့ကြောင့် ကိုယ်ဖြစ်ချင်သည့်အရာကိုသာ တန်းပြောလိုက်သည်။
"ဟွန်း.. ကိုယ်မလုပ်နိုင်တာအဲ့ဒါပဲ"
နေလရောင် မျက်နှာကိုတချက်ပွတ်ရင်း သူမရှေ့သို့လျှောက်လာခဲ့သည်။
ထို့နောက်သူမကိုပုခုံးနှစ်ဖက်ကနေဆွဲမပီး ကိုယ့်မျက်နှာရှေ့ရောက်မှ..
"ကိုယ့်ကိုသေချာကြည့်ပါအုံး မြင်ဖူးတယ်လို့မထင်ဘူးလား"
moon သူ့မျက်နှာကိုသေချာစိုက်ကြည့်မိလျှင် အတိတ်ကာလရဲ့အဖြစ်အပျက်တွေက ခေါင်းထဲတရိပ်ရိပ်ပေါ်လာခဲ့၏ ။
YOU ARE READING
Endless Love (Completed)
Romanceကိုယ့်ရဲ့အသက်ကိုကယ်ပေးခဲ့တဲ့ ကောင်မလေးကို မေ့လို့မရအောင်ချစ်မိသွားခဲ့တဲ့ နေလရောင် ကိုယ့်ကိုချစ်ပါတယ်လို့အတွင်တွင်ပြောနေတဲ့ သူ့ရဲ့အဝေးကိုပဲ ထွက်ပြေးချင်နေမိတဲ့ လင်းလက်လ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်ကဘာတွေများဆက်ဖြစ်မှာလဲ ဆုံစည်းမှာလား ကွဲကွာမှာလား....