အပိုင်း(၁၄)

3.2K 115 1
                                    

Unicode

"ဆရာကျွန်တော်နောက်လလောက်တော့ပြန်လာခဲ့မယ် ဒီမှာသူနဲ့အတိုင်းအတာတစ်ခုလောက်ရင်းနှီးမှုယူချင်သေးလို့"

"အဂ္ဂ မင်းသူ့အကြောင်းအကုန်သိပီပေါ့"

"ဟုတ်ကဲ့ အကုန်နီးပါးလောက်ပဲကျွန်တော်ပြန်ရောက်တာနဲ့ဆရာ့ကိုအကုန်ပြောပြမယ် အခုကလူတွေများတဲ့နေရာမှာမို့လို့ပြောလို့သိပ်မကောင်းဘူး"

"ကောင်းပီ ငါစောင့်နေမယ်"

"ဟုတ်ကဲ့ဆရာ"

အဂ္ဂဖုန်းချပီးသည်နှင့် ဒီမှာရှိနေသည့်အချိန်သူ့ကိုနေလရောင်သတိပြုမိရန် အစီစဉ်ဆွဲရပေအုံးမည်။

သူဝင်ကပ်ထားသည့်သူကလည်း ဒီလုပ်ငန်းနဲ့ပတ်သက်ပီးကိုယ်စားလှယ်သဘောမျိုးအပီးလွှဲထားပီးသည်မို့ အချိန်ဆွဲမနေပဲ နေလရောင်နှင့်တွေ့ခွင့်ရရန် ထပ်အကြံထုတ်နေမိ၏ ။

နောက်ဆုံးလူချင်းတွေ့ခွင့်မရရင်တောင်ဖုန်းနဲ့စကားပြောခွင့်ရဖို့ကို အဂ္ဂအပြင်းအထန်ကြိုးစားနေခြင်းဖြစ်သည်။

ထိုလူကမလိုအပ်ပဲနဲ့ဘယ်အရာကိုမှအယုံလွယ်တဲ့လူ၊ကပ်ရလွယ်တဲ့လူမဟုတ်ခြင်းပင်။ဒီလောက်များတဲ့ငွေတွေရင်းပီးချဉ်းကပ်တာတောင်မှ မတုန်လှုပ်ခဲ့သူပင်။
သို့ပေမယ့်ကိုယ့်ဆရာသည်လည်း လက်မရွံ့သမားပဲမို့ကျားနဲ့ဆင်လယ်ပြင်မှာတွေ့ရင် ဘယ်သူနိုင်မလဲဆိုတာကတော့...

.......................

"အမmoon အမmoon"

moonလှည့်ကြည့်လိုက်တော့ တံခါးနားမှာမဝံ့မရဲပုံစံနှင့်ဖုန်းကိုင်ပီးရပ်နေသော nik

"ကျွန်တော့်ကိုတစ်ခုလောက်ကူညီပါလား"

"ဘာဖြစ်လို့လဲ"

"ဟိုလေ ဒီဖုန်းကိုကိုနေ့ကိုသွားပေးပေးပါလား"

"ရှင်သွားပေးလို့မရဘူးလား"

"ကိုနေကသူအနားယူနေရင်ဘယ်အလုပ်ကိစ္စမှသွားပေးလို့မရဘူး ပီးတော့အခုဖုန်းကိုလည်းမပြောဘူးလို့ငြင်းထားတာ"

"အဲ့ဒါကိုကျွန်မကိုသွားပေးခိုင်းနေတာလား"

"ဖောက်သည်ကလူချင်းတွေ့ဖို့ကိုလည်းလက်မခံတော့ ဖုန်းလေးပဲဖြစ်ဖြစ်ပြောချင်တယ်ဆိုလို့ပါ ကျွန်တော်ငြင်းရမှာအားနာလာလို့ကိုနေ့ကိုလည်းသွားမပြောရဲဘူးအာ့ကြောင့် အမကိုပြောခိုင်းတာပါ"

Endless Love (Completed)            Where stories live. Discover now