(၄) အတိတ်ခြေရာ - ၂

206 25 1
                                    


သူတို့တွေ... သူတို့တွေ ငါတို့ကို ရှာတွေ့သွားကြပြီ။ ငါနဲ့ဝေ့အစ်ကို တယောက်လက်ကို တယောက်တွဲဆုပ်ထားလိုက်တယ်။ သေချင်လည်း သေပါစေတော့ ဆိုပြီး နောက်လှည့်ရင်ဆိုင်လိုက်ချိန် တည်းတည်းလေးမှာပဲ....
အချိန်စက်ဝန်းက အပြာရောင်အလင်းတန်းတွေ ဖြာထွက်လာတယ်။ ပြီးတော့ ဘာတွေဖြစ်သွားမှန်း မသိတော့ဘူး။ မျက်နှာပေါ် အေးစက်စက် နှင်းတွေ ကျလာတော့မှ သတိပြန်ရတော့တယ်။ အချိန်တွေ ဘယ်လောက်ကြာကြာအထိ အေးစက်စက်နှင်းတောထဲ မေ့မျောနေခဲ့တာလဲ။ ငါ့ခေါင်းတွေ မတရားထိုးကိုက်လာတာကိုပဲ သိလိုက်တယ်။ မျက်လုံးတွေဖွင့်ကြည့်ချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်ရောက်နေမှန်းလည်း မသိတော့ဘူး။ ဝေ့အစ်ကိုရော။ ပတ်ဝန်းကျင်ကို လိုက်ရှာကြည့်တယ်။ နှင်းတောထဲမှာ လိုက်ရှာတယ်။  ဝေ့အစ်ကို ဘယ်ရောက်နေလဲ။ ငါ့ကို ထားသွားပြီလား။ မျက်ရည်တွေက တားမနိုင်ဆီးမရ စီးကျလာတယ်။ ခြေဦးတည့်ရာ လျှောက်ရင်းနဲ့ တအီအီငိုနေတော့တာပဲ။ ဘယ်ရောက်နေတာလဲ မတွေးတတ်တော့ဘူး။ မောပန်းလွန်းလာလို့ ကျောက်တုံးလေးတတုံးပေါ် တက်ပြီး နှာတရှုံ့ရှုံ့နဲ့ အားရပါးရ အော်ငိုလိုက်တယ်။ အချိန်ဘယ်လောက်ကြာသွားမှန်းလည်း မသိတော့လောက်အောင်ပေါ့။ င့ါကို တစ်ယောက်ယောက်က ပွေ့ချီလိုက်တာ ရုတ်တရက် ခံလိုက်ရမှ အသိဝင်လာတယ်။

“လွှတ်စမ်း.. အတင့်ရဲလှချည်လား… ငါ့ကို လွှတ်စမ်း…”

တကယ်တမ်းထွက်လာတဲ့ အသံက

“အူ.. ဝူး.. ဝူး.. အု.. ဝု …”

ဟင် ဘယ်လိုဖြစ်တာပါလိမ့်။

“အို… နှင်းမြေခွေးလေးပဲ… အဖော်နဲ့ကွဲလာလို့ ငိုနေတာလား… မင်း လမ်းပျောက်နေတယ် ထင်တယ်…”

အဲဒီတော့မှ င့ါကိုယ်ငါ ဘာဖြစ်နေမှန်း သိတော့တယ်။ လူပုံစံပျောက်ပြီး နှင်းမြေခွေးပုံ ဖြစ်နေတာပဲ။ သေစမ်း။ ပြီးတော့ ဒီအသံကို  ရင်းနှီးနေသလိုပဲ။ လီရှန်း…။ လျိုသခင်ကြီးရဲ့ သားတော် လီရှန်းသခင်လေး။ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ သူနဲ့ တွေ့ရတာ ကံကောင်းတာပဲလား။ ကံဆိုးတာပဲလား။ လောလောဆယ် ငါတော့ နှင်းမြေခွေးဖြစ်သွားပြီး ကံဆိုးနေတယ်။ ဘာမှလုပ်လို့ မရတော့ဘူး။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now