(၁၃) ဟွာရှန့် (သို့မဟုတ်) နေရာသစ်

168 21 0
                                    





ဒူးကိုလာဖက်တဲ့အထိအတွေ့ကြောင့် ငုံ့ကြည့်လိုက်တော့ နှင်းလုံးလေး။ နှင်းလုံးလေးပါလား။ သူ့ပါးစပ်မှာပေနေတဲ့ မုန့်အချိုရည်တွေကို လက်နဲ့သုတ်ပေးလိုက်တယ်။ နှင်းလုံးလေးက အရပ်နည်းနည်း မြင့်လာသလို။ နှင်းလုံးလေးကို ထိုင်ခုံပေါ်ချီတင်ပေးလိုက်တယ်။ အားရို့ … ဒီကလေး ဝလာတယ်။

"သမီး ဒီမှာ လာထိုင် … အမေတို့ သမီးကို စောင့်နေတာ…"

အမေက င့ါလက်ထဲကို သေရည်ခွက်လေးလာထည့်ပေးတယ်။ မက်မွန်ဝိုင်နံ့လေးက နှာခေါင်းကို လာကျီစယ်နေတယ်။ ဒါဝမ်းကွဲအစ်ကို ၃ ရဲ့ လက်ရာပဲဖြစ်ရမယ်။

"ချင်းလျန်… နောက်တခါ ဒီလိုအသိမပေးပဲ လျှောက်မသွားရဘူးလို့ အဖေပြောထားတာ မမှတ်ထားပြန်ဘူး…"

"ဘာပြဿနာမှမရှာထားဘူး ဟုတ်လား…"

စကားသံတွေနဲ့အတူ အဖေနဲ့ဝမ်းကွဲအစ်ကို ၃တို့ စားပွဲဆီလျှောက်လာကြတယ်။

"ရှင်ကလည်း ကလေးကိုမဆူပါနဲ့ … ငါတို့လျန်အာလေးက လိမ္မာပါတယ် …"

အမေက င့ါခေါင်းကဆံစတွေကိုပွတ်သပ်ရင်း အဖေ့ကိုလှမ်းပြောတယ်။ ပြီးတော့ စားပွဲမှာဝိုင်းထိုင်ကြပြီး ဝိုင်သောက်လိုက်၊ ရယ်မောလိုက်နဲ့။ နွေးထွေးတဲ့ရယ်သံကြောင့် ရင်ထဲလှိုက်ခနဲဖြစ်သွားတယ်။ ဒီလို ပျော်စရာကောင်းတဲ့ မိသားစုစားသောက်ပွဲလေးမလုပ်ရတာ သိပ်ကိုကြာလွန်းခဲ့ပြီ။ ဆယ်စုနှစ်တခုကိုတောင် ကျော်သွားပြီ။ ဒီအခိုက်အတန့်လေးကို ရပ်ထားချင်တယ်။ ဖြစ်နိုင်ရင် တသက်လုံး ဒီလိုလေးပဲ နေသွားချင်တယ်။ ကြည့်လိုက်တော့ ငါ့လက်ထဲကဝိုင်ခွက်လေးက မှုန်ဝါးဝါး။ ငါ့ဘေးနားကလူတွေလည်း မှုန်ဝါးဝါး။ မြင်နေသမျှအရာအားလုံးက မှုန်ဝါးဝါး။ လေဟာနယ်ကို ဖမ်းဆုပ်နေရသလိုမျိုး။

ငါဘယ်လောက်ထိ အိပ်ပျော်သွားသလဲမသိ။ နိုးလာတော့ ဂူပေါက်ဝကခြုံနွယ်တွေ ညှိုးနွမ်းနေပြီ။ သေချာတာက ငါးရက်လောက်တော့ အသာလေးအိပ်ပျော်သွားတာဖြစ်နိုင်တယ်။ ထထိုင်လိုက်ပြီး အစွမ်းတွေကို ပြန်စစ်ကြည့်လိုက်တယ်။ အားအင်အပြည့် လန်းလန်းဆန်းဆန်းဖြစ်နေတယ်။ ကာလနဂါးလို အိပ်လိုက်လို့ပဲလား။ စွမ်းအားတွေ အပြည့်အဝပြန်ရနေတဲ့အပြင် အရင်ကထက်ပိုလာတယ်။ စဉ်းစားမိတယ်။ ငတုံးရယ်…. ဒီလိုမှန်းသိရင် ဟိုးကတည်းက အိပ်နေပါတယ်။ ငါတကယ့်အူကြောင်ကြား… ငထူပဲ။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now