(၁၂) နှင်ထုတ်ခံရခြင်း

159 21 0
                                    




“မြွေဖြူမိစ္ဆာ…..”

ကုန်းလီက ထိန်းချုပ်ခံထားရတဲ့ သတ္တဝါတွေထဲကလား။ သူတို့တွေ ဘယ်လိုလုပ် ဒီခေတ်ဟောင်းကာလကို ရောက်နေတာလဲ။ ဒါဆိုဟိုလူကြီးကရော။ အန္တရာယ်ရဲ့အငွေ့အသက်တွေ အိမ်တော်တခုလုံးအပြင် င့ါတကိုယ်လုံးပါ ချက်ချင်းလွှမ်းခြုံသွားတယ်လို့ ခံစားလိုက်ရတယ်။ အစွမ်းတွေက အချိန်စက်ဝိုင်းရဲ့ ရိုက်ခတ်မှုကြောင့်ထင်ပါရဲ့။ သုံးရတာ နည်းနည်းကမောက်ကမ နိုင်နေသေးတယ်။ ပြီးတော့ စွမ်းအားတွေ တဝက်နီးပါး ရုတ်တရက်ထုတ်သုံးလိုက်ရတဲ့အတွက် အင်အားတွေဆုတ်ယုတ်သွားသလို ဖြစ်လာတယ်။ လည်ချောင်းတစ်ခုလုံး သွေးတွေအပြည့်ရောက်လာလို့ အန်လည်းအန်ချင်လာတယ်။ ခြေထောက်တွေက ငါ့ခန္ဓာကိုယ်ကို သိပ်မထိန်းနိုင်တော့ဘူး။ ယိုင်နဲ့နဲ့ဖြစ်လာလို့ အနားမှာရှိတဲ့စားပွဲကိုမှီနေရင်း ကုန်းလီကို ကြည့်လိုက်တယ်။ မျက်လုံးတွေက နည်းနည်းမှုန်ဝါးဝါးဖြစ်လာတယ်။ ဘယ်လိုဖြစ်တာပါလိမ့်။ အာ… စွမ်းအားသုံးလိုက်တာ လွန်သွားပြီထင်တယ်။ အနားယူဖို့လိုအပ်နေပြီ။ တိုက်ခိုက်နေတဲ့အသံကြောင့် သခင်လေးနဲ့ဝေ့အစ်ကိုအပြင် အိမ်တော်တခုလုံးက လူတွေရောက်လာတယ်။ ခြေသံတွေကြားတာနဲ့ ကုန်းလီက မျက်တမှိတ်အတွင်း လူပုံစံပြန်ပြောင်းသွားပြီးတော့ လူတွေအခန်းထဲလည်းဝင်လာရော သခင်လေးနောက်ကို ပြေးသွားပြီး

“ချင်းလျန်က ကျမကိုအထင်လွဲပြီး သတ်ဖို့ကြိုးစားနေတယ်…. သခင်လေး… ကျမကို ကယ်ပါ…”

“မိစ္ဆာကောင်… နင်ပြောရဲလှချည်လား…”

“သခင်လေး ကျမကိုမိစ္ဆာလို့ စွပ်စွဲနေပြီ….”

“သခင်လေး… သူက မြွေဖြူမိစ္ဆာပါ… သခင်လေးကိုသတ်ဖို့အတွက် ဒီကိုရောက်နေတာ…”

စားပွဲကိုအားပြုပြီး လျော့ရဲရဲမှီနေရာကနေ တည့်မတ်စွာပြန်ရပ်ရင်း သခင်လေးကိုကြိုးစားရှင်းပြဖို့ ပြင်လိုက်တယ်။ သခင်လေးက ငါပြောတာကို မယုံချင်တဲ့ပုံစံနဲ့တူပါတယ်။ သူ့လက်မောင်းကို မှီတွယ်ပြီးနေနေတဲ့ ကုန်းလီကိုဖေးမရင်းကနေ င့ါကိုအမျက်ဒေါသအကြည့်တွေနဲ့ ပြန်ကြည့်နေတယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now