"မြောင်မမလေး… အထင်မလွဲပါနဲ့…. ကျနော်က အဝတ်တွေရေထဲ ပြုတ်ကျသွားလို့ ပြန်ဆယ်တာပါ…"
"အတင့်ရဲလိုက်တာ… လူလိမ်…."
သူမက စူးစူးရဲရဲဖြင့် ပြန်အော်သည်။ အားရို့ရို့ … အလကားနေရင်း ဂုဏ်ပုဒ်တခု ထပ်တိုးသွားပြန်ပြီ။ သူမဒီမှာ ရေချိုးနေသည်ကို သူဘယ်လိုလုပ်သိမှာလဲ။ ဒါ ဟိုသတ္တဝါစုတ်ကြောင့် ပြသနာတက်ရတာ။
"မြောင်မမလေး… ကောင်းကင်နဲ့မြေကြီးကို သက်သေပြုပြီး ကျနော်ကျိန်ပြောရဲပါတယ်.. ကျနော်က ဒီလိုလူစားမျိုး မဟုတ်ပါဘူး… မြောင်မမလေး.. ဒီမှာရှိနေမှန်းလည်း တကယ်မသိရိုး အမှန်ပါ…"
တောင်းပန်ရင်းနဲ့ လက်ကလည်း မြောင်မမလေးဖြန့်ကိုင်ထားသည့် သူ့အဝတ်ကို လှမ်းယူလိုက်သည်။ မြောင်မမလေးက မလွှတ်ပေးဘဲ ပြန်ဆွဲထားသည်။ ဒါ အလျှော့မပေးနိုင်ဘူးဆိုတဲ့ သဘောလား။ အဝတ်က ကိုယ်ကဆွဲလိုက် သူမကပြန်ဆွဲလိုက်နဲ့ ပြဲရချည်သေး။ ကြာလာတော့ သူမကစိတ်မရှည်နိုင်တော့သည့် လေသံနဲ့
"ရှင် ဘယ်လို ဖြစ်နေတာလဲ… ဘာလို့ အဝတ်တွေဆွဲနေရတာလဲ…."
"…………."
ဟမ်..။ ဒါ သူမေးရမှာ မဟုတ်ဘူးလား။ ကျန်းဝေ့ကြောင်တောင်တောင်ပင် ဖြစ်လာသည်။ နှုတ်လည်း ဆွံ့အသွားသလို။ ဘာလို့ သူမဒီအဝတ်ကို ပြန်မပေးချင်နေရတာပါလိမ့်။ နောက်မှ အသိတခုခေါင်းထဲ ဖြိုးဖြိုးဖြတ်ဖြတ်ဝင်လာသည်။ သူချက်ချင်းပင် သူမကိုမကြည့်တော့ဘဲ ခေါင်းကိုငုံ့ချလိုက်သည်။ အဲ့… ဒါလည်း မဖြစ်သေး။ ရေက ခြေဖျားနားမှာကူးခတ်နေသည့် ရောင်စုံငါးလေးတွေကိုတောင် ပကတိအတိုင်းမြင်နေရသည်အထိ ကြည်တောက်နေပြန်ရာ မျက်နှာကိုဘယ်နားထားရမှန်းလည်း မသိတော့။ မြောင်မမလေးမျက်နှာလည်း ဆေးနီဖြင့်ပက်ခံလိုက်ရသလို ရဲတွတ်လို့။
ကျန်းဝေ့သည် မြောင်မမလေးကို"မြောင်မမလေး… ဒါတွေက မတော်တဆ ဖြစ်ခဲ့တာတွေပါ… တခြားဘာရည်ရွယ်ချက်မှ မရှိခဲ့ပါဘူး… ကျနော် အနူးအညွတ် တောင်းပန်ပါတယ်…"
လက်နှစ်ဖက်ကို အပြန်အလှန်ကိုင်ဆုပ်လိုက်ကာ ခါးညွတ်လိုက်ပြီး တကယ်ပင်တရိုတသေဖြင့် တောင်းပန်လိုက်သည်။ ထို့နောက် သူမကိုကျောခိုင်းလိုက်ပြီး အဝတ်တို့ကိုလည်း မယူတော့ဘူးဟု ဆုံးဖြတ်ချက်ချကာ ကမ်းပေါ်တက်ဖို့ ခြေလှမ်းကိုဦးတည်လိုက်သည်။
YOU ARE READING
အိပ်မက်တို့ ပွင့်ဝေချိန်
Fantasy(Unicode Version) ချင်းလျန်သိထားတာ တခုရှိတယ်။ အဲဒါက သခင်လေးမှာ ချစ်ရတဲ့မိန်းမလှလေး ရှိနေတာပဲ။ ရေကန်ကို အလိုမကျစွာနဲ့ ငုံ့ကြည့်တော့ အညိုဖျော့ရောင် အဝတ်အစားနဲ့ အမျိုးသားဆန်ဆန်ဝတ်ထားတဲ့ပုံရိပ်ကို မြင်ရတယ်။ ဆံပင်တွေက ဖြစ်သလိုစည်းထားတယ်။ မျက်နှာကလည်း လှတ...