(၆) ချဉ်တယ်

180 32 0
                                    






ဝေ့အစ်ကို ဖင်ကုတ်ခေါင်းကုတ်နဲ့။ မသိရင် အတွေ့အကြုံ မရှိတာကျနေတာပဲ။ နောက်ဆုံး ငါပဲ ဦးဆောင်ပြီး ဖိနပ်ဆိုင်ဘက်လျှောက်သွားတယ်။ စင်ပေါ်က အမျိုးမျိုးသောလက်ရာတို့နဲ့ပုံဖော်ထားတဲ့ ဖိနပ်တွေကို လျှောက်ကြည့်ရင်း ဝေ့အစ်ကိုကို တံတောင်ဆစ်နဲ့ လှမ်းတွတ်လိုက်တယ်။ အံမယ်.. အဘက ဒါမျိုးကျ အကွက်မြင်သားဟ။

“ဒီက မမလေး… ကျနော့် ညီမလေးအတွက် ဖိနပ်ဝယ်ချင်လို့ ကျေးဇူးပြုပြီး ကူကြည့်ပေးလို့ ရမလား..”

မြောင်မမလေးကလည်း ကူညီပေးပါတယ်။ ငါ့ကိုလည်း ပြုံးပြပြီး စကားတွေဘာတွေလာပြောလို့။ ဝေ့အစ်ကိုကတော့ သူ့ဘာသာသူ ဇာတ်လမ်းဆက်နေပြီ။ သူတို့ကို ဒီအတိုင်းလွှတ်ထားပေးပြီး လမ်းထဲ တောင်ကြည့်မြောက်ကြည့် လိုက်ကြည့်နေလိုက်တယ်။ ဇီးသီးဝိုင်သောက်ရတော့မှာဆိုတော့ ကျေနပ်နေတဲ့ရုပ်လေးနဲ့ပေါ့။ ပျားပန်းခတ်မျှသွားလာနေတဲ့ လူအုပ်တွေကို ဟိုဟိုဒီဒီကြည့်နေရင်း မျက်လုံးထဲ ပုံရိပ်နှစ်ခုက ကွက်ကွက်ကွင်းကွင်း ဝင်လာတယ်။ သခင်လေးနဲ့ ကုန်းလီ။ ကုန်းလီက ဆံထိုးတွေ၊ အမွှေးအိတ်တွေရောင်းတဲ့ဆိုင်မှာ ပစ္စည်းတွေတခုပြီးတခု ကိုင်ကြည့်လိုက်။ သခင်လေးကို မေးလိုက်။ ဆံထိုးကို သူမ ခေါင်းနားကပ်ရင်း လိုက်ရဲ့လား မေးတဲ့ပုံစံနဲ့ သခင်လေးကို လှည့်ကြည့်လိုက်နဲ့။ သခင်လေးကလည်း ပြုံးရီလို့။ အချိန်ခဏကြာတော့ သခင်လေးက အမွှေးအိတ်တခုကို ကုန်းလီအတွက် လက်ဆောင်ဝယ်ပေးနေတာပဲ။ ငါလေ… မတွေ့ချင်လို့ ရှောင်ပုန်းနေပါတယ်ဆိုမှ။ အလိုလို ဝဲတက်လာတဲ့ မျက်ရည်ကိုပုတ်ထုတ်ရင်း ဝေ့အစ်ကိုကိုတောင် မပြောဘဲနဲ့ အိမ်တော်ဆီပြန်ခဲ့တော့တယ်။
အဲဒီနေ့ကစပြီး ငါ့မှာဖြင့် ဝမ်းနည်းတဲ့အရှိန်နဲ့ အလုပ်တွေပဲဖိလုပ်နေမိတယ်။  သခင်လေးနဲ့ မတွေ့ရတာ သုံးပတ်လောက်ရှိပြီ။ ဝေ့အစ်ကိုကင့ါကို သခင်လေးဆီ လက်ဖက်ရည် သွားမဆက်တော့ဘူးလား မေးရတဲ့အထိ။ ကုန်းလီရှိနေတော့ င့ါကို မလိုလောက်တော့ဘူးဆိုတာ သိမှမသိကြဘဲ။ ဝေ့အစ်ကိုရဲ့ တကျီကျီလုပ်မှုကြောင့် နောက်ဆုံးတော့ အင်တင်တင်နဲ့ပဲ သခင်လေးအတွက် ဂန္ဓမာပန်းလက်ဖက်ရည် ဆက်ဖို့ ပြင်ရတော့တယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now