(၈) ထိတ်လန့်စဖွယ်

163 19 0
                                    




အခြေအနေက စိုးရိမ်သလို ဖြစ်လာတာပဲ။ တရက်ကိုတယောက်နှုန်းနဲ့ လူတွေနေ့တိုင်းသေနေတာ ဆယ်ရက်လောက်ရှိပြီ။ သခင်လေးလည်း မနားရဘူး။ လူတွေလည်း မြို့ပြင်ကို ညဘက်မထွက်ရတဲ့အထိ ဖြစ်လာတယ်။ တရားခံကိုလည်း ရှာမတွေ့ဘူး။ သဲလွန်စ နည်းနည်းလေးတောင်မှ မရကြသေးဘူးတဲ့။ အခုတော့ မြို့ထဲမှာ ဘယ်နေရာသွားသွား အဲဒီသတင်းကို ကြားနေရတယ်။ လူတွေလည်း တီးတိုးတီးတိုးနဲ့။ ဒါဟာ လူတွေရဲ့စိတ်လုံခြုံမှု မပေးနိုင်မချင်း ဒီသတင်းက ရပ်မှာမဟုတ်ဘူး။ စိတ်ညစ်ညစ်နဲ့ မက်မွန်ပင်တွေဘက် ထွက်လာခဲ့လိုက်တော့တယ်။ ဘယ်နားနေနေ ဒီအကြောင်းတွေ ကြားနေရတာ စိတ်မသက်မသာ ဖြစ်စေတယ်။ ကုန်းလီက င့ါနောက်လိုက်လာတယ်။ ကြည့်ရတာ သူလည်း ဒီသတင်းတွေချည်းကြားနေရတာ စိတ်ညစ်လာလို့ထင်ပါရဲ့။ သူ့ကိုအခုမှ အသေအချာကြည့်မိတယ်။ မျက်နှာက ဖြူဖတ်ဖြူရော်နဲ့။ နေများမကောင်းလို့လား။ သခင်လေးက သူ့ကို ဂရုမစိုက်ဘူးလား။

“ကုန်းလီ နင် နေကောင်းရဲ့လား.. ပင်ပန်းလို့လား.. မျက်နှာက မကောင်းလို့ပါလား..”

“ငါ အဆင်ပြေပါတယ်… နည်းနည်း ပင်ပန်းသွားလို့ပါ….”

သူ့မှာ ပြောသာပြောနေရတယ်။ ချွေးသီးချွေးပေါက်တွေကျလို့။ မိုင်တရာလောက်ကို မနားတမ်း ပြေးလာနေရတဲ့သူအတိုင်းပဲ။ မနေနိုင်တော့တာနဲ့ သူ့မျက်နှာကချွေးတွေကို သုတ်ပေးလိုက်တယ်။ ကုန်းလီက ငါ့လက်ကိုပုတ်ထုတ်ရင်း

“ရပါတယ်… ငါ နည်းနည်း နားလိုက်ရင် သက်သာသွားမှာပါ….”

“ငါ သခင်လေးကိုခေါ်ပေးရမလား… ဒါမှမဟုတ် နင့်အတွက် ဆေးဆရာ ခေါ်ပေးမယ်လေ…”

“မလိုပါဘူး.. ချင်းလျန်.. ကျေးဇူးတင်ပါတယ်…”

ကုန်းလီကို ရေကန်နားက နားနေဆောင်သေးသေးလေးဆီ ခဏနားဖို့ ခေါ်သွားပေးလိုက်တယ်။ သူ့မှာ အသက်ကို ခက်ခက်ခဲခဲ ရှုနေရတယ်။ ဖြူလျော့လျော့အသားအရေတွေနဲ့ အားမရှိသလိုပဲ။ နောက်တော့  အခန်းပြန်ပို့ပေးလိုက်တယ်။ အိပ်ရာထဲ တွဲပို့ပေးလိုက်ချိန်မှာ င့ါမျက်လုံးက ကုန်းလီရဲ့ ညာဖက်လက်ဖျံဆီ ဖြတ်ခနဲ အကြည့်ရောက်သွားတယ်။ ငါ့မျက်လုံးသွားရာကိုသိတဲ့ကုန်းလီက အင်္ကျ ီလက်စနဲ့ ပြန်ဖုံးတယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now