(၁၅) မဖိတ်ခေါ်ဘဲလာတဲ့ ဧည့်သည်

170 25 0
                                    




“အမလေး…. ချင်းလျန် … ချင်းလျန် … ဒီကိုလာကြည့်ပါဦး ….”

ကွေ့မိန် အလန့်တကြားနဲ့ ငါ့ကိုအော်ခေါ်နေတယ်။ ဘာဖြစ်လို့ပါလိမ့်။ ပခုံးကဆွဲလက်စတောင်းကို အမြန်လွှတ်ချပြီး သူ ခုန်ဆွခုန်ဆွနဲ့ပြနေတဲ့နေရာကို အပြေးသွားရတယ်။  ဘုရားရေ… ကလေးတွေကိုစာသင်ပေးနေတဲ့ ကျောင်းအစ်ကို။ သူဘယ်လိုလုပ်ပြီး။ မျက်လုံးက မသေခင် ထိတ်လန့်စရာတွေ့သွားတဲ့ပုံစံ။ မျက်လုံးပြူးပြီး သွေးတစက်မှမရှိတဲ့ရုပ်နဲ့ သေနေတာ။ ငါလန့်သွားတယ်။ ဟို သတ္တဝါလက်ချက်ပဲ။ နယ်ချဲ့လှချည်လား ကုန်းလီ။ ဒီလိုလူကောင်းကို နင်မို့လုပ်ရက်တယ်။ အစွမ်းတွေပြန်ရဖို့ တခြားနည်းလမ်းသုံးပါလား။ အပြစ်မရှိတဲ့သူကို ဘာလို့များသတ်ရတာလဲ။ ကွေ့မိန်သတင်းပေးမှုကြောင့် ရွာလုံးကျွတ်နီးပါး ငါတို့ယာခင်းထဲရောက်လာတယ်။ ကျောင်းအစ်ကိုရဲ့အမေအိုကတော့ သူ့သားကိုဖက်ပြီးငိုနေတော့တာ မရပ်မနားပဲ။ သားကို အိမ်ထောင်ချမပေးရသေးပဲ သေသွားတဲ့အပြင် အားကိုးစရာဒီသားတယောက်ပဲ ရှိတာလေ။ ကျောင်းအစ်ကိုနဲ့စေ့စပ်ထားတဲ့ လုမိန်းကလေးကတော့ အလောင်းနားမှာတရှုံ့ရှုံ့နဲ့ အကြီးအကျယ်ငိုနေရှာတာ။ လက်ထပ်ဖို့တလလောက်ပဲလိုတော့တာဆိုတော့ လုမိန်းကလေး အတော်ကြေကွဲနေရှာမှာ။ အခုလိုအဖြစ်အပျက်ကြောင့် ကံဆိုးမဆိုပြီး တရွာလုံးကယောကျ်ားပျိုတွေ သူ့ကိုလက်ထပ်ဖို့ ငြင်းကြတော့မှာ။

“ဆရာကျောင်းက ဘယ်လိုဖြစ်ပြီး ဒီလိုသေဆုံးရတာလဲ…..”

“ငါတို့ရွာမှာ တခါမှ ဒီလိုမဖြစ်ဖူးပါဘူး…..”

“သေသွားတာကထူးဆန်းတယ်… သွေးတွေလည်း မရှိတော့ဘူး…. မကောင်းဆိုးဝါးကြောင့်လား…”

ထင်မြင်ချက်အမျိုးမျိုးတွေနဲ့ တယောက်တပေါက် ပြောနေကြကုန်တယ်။ ဝမ်ဖိုးဖိုးက

“အားလုံးနားထောင်ကြ…. ရွာလုံခြုံရေးအတွက် ပြင်ဆင်ရတော့မယ်… ငါတို့ အဖွဲ့ခွဲပြီးတာဝန်ယူရမယ်… အမျိုးသားအားလုံး ညတိုင်း အလှည့်ကျကင်းစောင့်ပါ… အမျိုးသမီးတွေ ကလေးတွေကိုသေချာဂရုစိုက်ပါ… သွားတာလာတာကအစ သတိထားကြ… တောထဲကို အခုလောလောဆယ် မသွားကြနဲ့ဦး… ရွာပြင်ထွက်ရင် အုပ်စုလိုက်သွား… တခုခုထူးခြားတာတွေ့ရင် အကြောင်းကြား….”

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now