(၂၃) အောင်သွယ်တော်နှင့် တွေ့ဆုံခြင်း

149 13 0
                                    





ချောင်းက သဲချောင်းတွေလိုမဟုတ်ဘဲ ကျောက်တုံးကျောက်ဆောင်ကြားတွင် ဖြတ်သန်းစီးဆင်း နေသောကြောင့် နွေလည်ခေါင်ခေါင်တွင်ပင် ရေကအတော်လေးအေးသည်။ ရေစိမ်ရင်းကနေ ကျန်းဝေ့တယောက်အတွေးနယ်ချဲ့ကာ အတိတ်ကိုပြန်အမှတ်ရနေသည်မှာ အချိန်ဘယ်လောက်ကြာသွားမှန်း မသိ။ ကျောက်တုံးပေါ်တွင် လျှော်လှန်းထားသောအဝတ်နား သတ္တဝါလေးတကောင်ကိုတွေ့တော့ စိုက်ကြည့်လိုက်သည်။ ထီမထင်ရုပ်နဲ့ ထိုသတ္တဝါလေးက ကျောက်တုံးပေါ်ကအဝတ်တွေကို နှုတ်သီးဖြင့်ထိုးဆွနေသည်။ လျှော်ထားတဲ့အဝတ်တွေ ပြန်ပေသွားမှဖြင့်…။

“ဟေးးးးးးးး…………..”

ချောင်းထဲက အနေတော်ကျောက်တုံးတတုံးကို ကောက်ပြီးလှမ်းပေါက်လိုက်သည်။ ထိုပေါက်စနကောင်က ကျောက်တုံးလာရာကို မှန်းမိသည့်အလား။ လှစ်ကနဲရှောင်လိုက်ပြီး အဝတ်အစားတွေကို ကိုက်ချီကာ ပြေးသွားတော့သည်။ လုပ်လိုက်မှပိုဆိုးသွားပြီ။

“ဟေ့… ရပ်စမ်း…..”

လှမ်းသာအော်လိုက်ပေမယ့် သူ့စကားကို အနှီကောင်ကနားလည်မည်လား မမည်လား ကျန်းဝေ့မသိတော့။ ချောင်းထဲက အပြေးတပိုင်းတက်လာပြီး နောက်ထပ်တစုံယူလာသည့် အပိုအဝတ်ရှိရာသို့ လက်လှမ်းလိုက်သည်။ လက်က ကျောက်တုံးချောချောကိုသာထိသွားသည့် အထိအတွေ့ကိုသာ ရသောကြောင့် ကျန်းဝေ့အထိတ်တလန့်ဖြင့် အဝတ်အစားတွေကို ကြည့်လိုက်ရာ… မရှိတော့။ သူ့အဝတ်အစားတွေ ဘယ်ရောက်သွားတာလဲ။ အတွေးထဲနစ်မျောနေတုန်း သူခိုးခိုးသွားတာလား။ ထပ်မတွေးနိုင်တော့ချေ။ အတွင်းခံ ဘောင်းဘီရှည်တထည်တည်းဖြင့် ချန်အိမ်တော်သို့ ပြန်လို့မဖြစ်။
ရုပ်ရှင်တွေထဲကလို တွေ့ကရာသစ်ရွက်တွေသီပြီး ခါးမှာပတ် ဒါမှမဟုတ် အနေတော်ခွက်တလုံးရရင်လည်း အလုပ်ဖြစ်သည်။ ဒီလိုပြန်လို့ကလည်း ဘယ်လိုမှဖြစ်မှာမဟုတ်။ ကိုယ့်ခေတ်မှာသာဆိုရင် လုပ်လိုက်လို့ ရသည်။ သို့သော်ငြား ယခုရောက်နေသည့် ရှေးဟောင်းကာလမှာ ဒါမျိုးတွေကသိပ်အသုံးမဝင်။ လမ်းမှာ တွေ့သည့်လူတိုင်းက လက်ညှိုးထိုးလှောင်ပြောင်ကြလိမ့်မည်။ ဒီလိုကိစ္စတွင် အရှက်အကြောက်ကြီးသည့်သူ့အတွက် လူရှေ့သူရှေ့ တသက်လုံးမျက်နှာပြဝံ့တော့မှာ မဟုတ်တော့။ အဝတ်အစားတွေ ပြန်ရမှဖြစ်မည်။ နောက်ဆုံးတော့လည်း ချောင်းအောက်ဘက်ကို ထွက်ပြေးသွားသည့် သတ္တဝါနောက်သို့ ခြေသုတ်သင်ကာ ပြေးလိုက်လေတော့၏။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now