“ကုန်းလီ…"
ဒေါက်… ဒေါက်..
“ကုန်းလီ… ချင်းလျန်ပါ… ဝင်လာခဲ့လို့ ရမလား…”
ဘာတုံ့ပြန်သံမှ မကြားရဘူး။ ကြည့်ရတာ သူအခန်းထဲမှာ မရှိဘူးလား။ ထပ်ခေါ်ကြည့်ဦးမှ။ အတော်ကြာကြီး တံခါးခေါက် ခေါ်လိုက်ရတယ်။ ခြေကျင်းမှာ ဝတ်ထားတဲ့ ခြူသံလွင်လွင်လေး ကြားရတော့မှ ကုန်းလီက အခန်းထဲရှိနေမှန်း သိရတယ်။ သူဘာလို့ ပြန်မထူးတာလဲ။ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ ဒါမှမဟုတ် သူအိပ်ပျော်နေလို့များလား။
ကျွီ ….
“ချင်းလျန်လား…. ဝင်လာခဲ့လေ…”
အခန်းထဲရောက်တာနဲ့ စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်ရင်း
“ကုန်းလီ နင့်အတွက် ကြက်ပေါင်းစွပ်ပြုတ်လေး လုပ်လာခဲ့ပေးတယ်… ပူတုန်းလေး သောက်လိုက်ပါဦး.. သက်သာသွားပြီလား…”
“ငါ သက်သာသွားပါပြီ.. ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် ချင်းလျန်…”
ကုန်းလီ ပြုံးတုံ့တုံ့မျက်နှာပေးလေးနဲ့ မေးတာဖြေရင်း ပြတင်းပေါက်ဘက်လှည့်သွားတယ်။ သူ့မျက်နှာကို နေရောင်ထဲအသေအချာမြင်တော့မှ အတော်ကြီးအံ့သြသွားတယ်။ မနေ့တုန်းက ရုတ်တရက်ကြီး နှင်းလိုဖြူဆွတ်သွားတဲ့လူက နောက်တနေ့လည်းရောက်ရော သူမဟုတ်သလို လန်းလန်းဆန်းဆန်းနဲ့။ ကောင်းကောင်းအနားယူလိုက်ရလို့များလား။ စဉ်းစားစရာ။ နေပူထဲလျှောက်လာပြီး မျက်လုံးများပြာနေလို့ ကောင်းကောင်းမမြင်ရလိုက်လို့လား။ သူမကို နှုတ်ဆက်ပြီး ဥယျာဉ်ဆီသွားပြီး ဥယျာဉ်ထဲမှာ နှင်းဆီပင်တွေ သွားပျိုးနေလိုက်တယ်။
“ချင်းလျန် မင်းကဒီမှာရှိနေတာကိုး…. အတော်ပဲ… ငါတို့မြို့တော်ဘက် လျှောက်လည်ကြရအောင်…”
“အာ… အပြင်မထွက်ချင်ဘူး ဝေ့အစ်ကို…”
“လာပါဟ… မြို့ထဲမှာပွဲတော်ရှိတာ… ငါတို့လိုက်လည်ရအောင်လေ…”
ငါ လူရှုပ်တဲ့နေရာတွေ ရှောင်လေ့ရှိတယ်။ ဒါပေမယ့် ဝေ့အစ်ကိုက အတင်းကြီးလာခေါ်နေတော့ စိတ်ပါလာပြီး လိုက်သွားလိုက်တယ်။ ပွဲဈေးတန်းတခုလုံး ရောင်စုံမီးပုံးတွေထွန်းထားတာ သိပ်လှတယ်။ လသာသာညမှာ ဒီလိုလမ်းလျှောက်ထွက်ရတာ စိတ်ကျေနပ်စရာကောင်းတယ်။
YOU ARE READING
အိပ်မက်တို့ ပွင့်ဝေချိန်
Fantasy(Unicode Version) ချင်းလျန်သိထားတာ တခုရှိတယ်။ အဲဒါက သခင်လေးမှာ ချစ်ရတဲ့မိန်းမလှလေး ရှိနေတာပဲ။ ရေကန်ကို အလိုမကျစွာနဲ့ ငုံ့ကြည့်တော့ အညိုဖျော့ရောင် အဝတ်အစားနဲ့ အမျိုးသားဆန်ဆန်ဝတ်ထားတဲ့ပုံရိပ်ကို မြင်ရတယ်။ ဆံပင်တွေက ဖြစ်သလိုစည်းထားတယ်။ မျက်နှာကလည်း လှတ...