(၅) ဘယ်သူလဲ

171 29 0
                                    




ငါ စိတ်ပြေသွားအောင် မက်မွန်ပန်းပင်တွေဘက် လမ်းလျှောက်ထွက်ခဲ့တယ်။ နှင်းမှုန်လေးတွေကြားမှာ မက်မွန်ပန်းတွေပွင့်တာ သိပ်လှတယ်။ မြေပြင်ပေါ်မှာလည်း ပန်းပွင့်ကြွေတွေ ပြန့်ကျဲလို့။ ငှက်သံလေး တချက်တချက် ကြားရတယ်။ ပတ်ဝန်းကျင် တိတ်တိတ်လေးနဲ့ မြင်ကွင်းက လွမ်းစရာကောင်းတယ်။ ပတ်ဝန်းကျင်ကြောင့် ဘာမှန်းမသိ နည်းနည်းလွမ်းသလို။ နှင်းတွေပေါ် ခြေရာထင်အောင် လျှောက်နေရင်း အနောက်ကနေ တယောက်ယောက် လိုက်နေသလို ခံစားရတယ်။ လှည့်ကြည့်တော့ ဘယ်သူမှ မရှိဘူး။ ငါ ဆက်လျှောက်တယ်။ ဒါပေမယ့် စောင့်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်က ပျောက်မသွားဘူး။ အချိန်အတော်ကြာပြီးနောက် ရုတ်တရက် ငါ့မျက်ဝန်းထောင့်မှာ အရိပ်တခု လှုပ်ရှားသွားတာ ဖြတ်ခနဲ လှမ်းမြင်လိုက်တယ်။ အငွေ့လိုလို ဘာလိုလို။

“ဘယ်သူလဲ… ထွက်ခဲ့စမ်း…”

ဘာတုံ့ပြန်သံမှ မကြားရဘူး။ စိတ်ထင်နေတာများလား။ ကျောချမ်းလာလို့ အိမ်တော်ဘက် ပြန်လှည့်လာလိုက်တယ်။ လမ်းလည်းလျှောက်ချင်စိတ် တစိမှမရှိတော့ဘူး။

“ဝေ့အစ်ကို… နင်သိလား… ဒီအိမ်တော်မှာ နေလာတာ နှစ်တွေမနည်းတော့ဘူး… ငါ တခါမှ အဲဒီလို မခံစားဖူးဘူး..”

“နင် အိပ်ရေး မဝသေးဘူးလား… နည်းနည်းလောက်ထပ်အိပ်လိုက်ရင် အဲဒီ ထင်ယောင်ထင်မှား ဖြစ်တာတွေ သက်သာသွားမှာ…”

“ဝေ့အစ်ကို… ငါ တကယ်ပြောနေတာ… နင် မနောက်နေနဲ့…”

ဝေ့အစ်ကို မျက်နှာတည်သွားရင်း

“ချင်းလျန်… ငါလည်း အဲ့ဒီလိုမျိုး ဖြစ်ဖူးတာ ၃ကြိမ်လောက်ရှိပြီ… ငါတို့ သတိထားရတော့မယ်… အထူးသဖြင့် လူစိမ်းတွေကို …..”

လူစိမ်း။ လူစိမ်းဆိုလို့ ကုန်းလီကို သတိရသွားတယ်။ သူရော။ မဖြစ်နိုင်လောက်ပါဘူး။ သာမန် မိန်းကလေးပဲဟာ။ ကုန်းလီလိုပျော့ပျော့ဖတ်ဖတ်လေး၊ လေတိုက်ရင်တောင်မဆိုထားနဲ့ လက်ညှိုးလေးနဲ့ အသာလေးတို့လိုက်ရင်တောင် လဲကျတော့မလိုလိုက ဘယ်လိုမှဆက်စပ်တွေးစရာ မကောင်းဘူး။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now