(၁၇) လျှို့ဝှက်ချက်

161 23 0
                                    






ဝေ့အစ်ကို င့ါခေါင်းကိုကိုင်ပြီး ပြူးတူးပြဲတဲနဲ့ ဒဏ်ရာလိုက်ရှာနေတော့ အိမ်ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပြီး အခန်းဝနားမှာဆေးကျိုနေတဲ့ ကွေ့မိန်ကိုတွေ့လိုက်တော့မှ

“အဲ့…. ကွေ့မိန်ရဲ့ အိမ်ပဲ…”

“သြော်… မှတ်မိသေးတယ်… တော်သေးတာပေါ့…”

“ငါ့ကို ရေကန်ထဲကနေ ဘယ်သူကယ်ခဲ့တာလဲ…”

“ဘယ်သိမလဲ… ငါတို့နင့်ကိုရှာတွေ့တော့ ရေကန်နားမှာ ဒဏ်ရာတွေနဲ့လဲနေတာ…”

“လုမိန်းကလေးရော…”

“မစိုးရိမ်ပါနဲ့… သူမသေပါဘူး… ဆေးဆရာနဲ့တောင် ပြထားပြီးပြီ…”

"သြော်…"

"စိတ်မကောင်းစရာက လုမိန်းကလေးက ဒါ နည်းနည်းဖြစ်သွားသလိုပဲ…"

ဝေ့အစ်ကို သူ့နားထင်ကို လက်ညှိုးနဲ့ထောက်ပြီး ရစ်ပြတယ်။ အင်း သူ့ခမျာ ဒီလိုအစွမ်းတွေမမြင်ဖူးတော့ လန့်သွားရှာမှာ။ သွက်သွက်ခါ မရူးသွားတာကံကောင်း။ တစုံတခုကို သတိရသွားပြန်တယ်။

“ဝေ့အစ်ကို… နင်သိလား… ကုန်းလီကိုထိန်းချုပ်ထားတာ အမှောင်သခင်ကြီးပဲ…”

“အင်း…. သိတယ်လေ…”

“နင်က ဘယ်လိုလုပ်… … …  ဝေ့အစ်ကို ငါ့ကို သတင်းထိန်ချန်ထားခဲ့တာလား…”

“မထိန်ချန်ထားပါဘူး… ငါ သိတဲ့အချိန် နင်ကထွက်ပြေးသွားပြီးတော့… ပြီးတော့ ကုန်းလီ… သူပျောက်နေတယ်…”

“ဒါဆို … သခင်လေးရော…”

မေးတာကိုမဖြေဘဲ ဝေ့အစ်ကိုက သောက်မြင်ကပ်စရာကောင်းလောက်အောင် မျက်နှာကစပ်ဖြဲဖြဲရုပ်နဲ့

“စိုးရိမ်တယ်ပေါ့…. သူ့နားသွားကာကွယ်ပါလား… ငါ့ကိုပဲ မေးနေရတာ မပင်ပန်းဘူးလား….”

စိတ်တိုလာပြီး ဘေးနားမှာရှိတဲ့ဆေးခွက်နဲ့ ပစ်ပေါက်လိုက်တယ်။ ဝေ့အစ်ကို တဟားဟား အော်ရယ်ရင်း အခန်းထဲကနေထွက်သွားတယ်။ တံခါးနားရောက်တော့ လှည့်ကြည့်ပြီး

“ငါ သခင်လေးကို သတင်းပို့လိုက်ဦးမယ်… နင် သူ့ကိုသတိရနေတယ်လို့… ငါ ပြန်ခေါ်ခိုင်းလိုက်ရမလား…”

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now