အချစ်ထက်ပိုသော - (Part - 2) ⭐⭐⭐⭐⭐⭐
စစ်သွေး သူ့စကားကို ဟုတ်တစ်ခွန်းတည်း ဖြေပြီး မျက်နှာထား
ကို ပြန်တင်းလိုက်တဲ့ မျက်ရှင် သူငယ်ချင်း ယူရီ ကို
ကြည့်ပြီး စိတ်ထဲဘဝင်မကျ ဖြစ်သွားရသည်....." ဖြန်း "
ထိုအချိန် သူတို့နားကို ရောက်လာတဲ့ လူတစ်ယောက်က
မျက်ရှင် ပါးကို လျှပ်တပြက် ရိုက်ချပစ်လိုက်သည်။" မျက်ရှင် ......"
" မျက်ရှင် ....."
" မားမား "
တစ်ချိန်တည်းမှာပင် မျက်ရှင် ကို စိတ်ပူပြီး အသံသုံးသံ
ထွက်ပေါ်လာခဲ့သည်။ ထိုအသံတွေကတော့ တောက်စစ်သွေး ၊
ယူရီ နဲ့ ဘွိုင်းလေးပင် ........" အမိုက်မ.........ကိုယ့် ဒယ်ဒီ သေတာတောင် ပြန်မလာဘူး "
" ဘာ..... မာမီ !!!!!
မာမီ...... ဘာပြောလိုက်တာလဲ...?? "ပါးရိုက်တဲ့ သူက တခြားသူ မဟုတ်ဘဲ မျက်ရှင် မာမီ ဖြစ်နေခဲ့
ပြီး မာမီ လုပ်ရက်ကို မျက်ရှင် အံ့သြနေတုန်း ပြောချလိုက်
တဲ့ စကားတစ်ခွန်းကြောင့် လူက တုန်လှူပ်သွားရ၏ ။" သေပြီ .......နင့် ဒယ်ဒီ ဆုံးသွားပြီ မနှစ်ကတည်းက ...
နင် သိလား ...နင့် ဒယ်ဒီ က သူ့ နောက်ဆုံးအချိန်ထိ
နင့်ကို မျှော်နေခဲ့တာ .....နင့်ကတော့ ရောက်မလာခဲ့ဘူး
အမိုက်မ ကိုယ့်အဖေ ကိုယ် ပြန်သတ်တဲ့ မိန်းမ ... "
ဒါနဲ့ နေပါအုံး နင့်က အဆက်အသွယ်တွေ အကုန်ဖြတ်ပြီး
ပဲရစ် မှာ မရှိဘဲ ဘယ်တွေရောက်နေရတာလဲ .....
နင် ဘာတွေလုပ်နေတာလဲ ညို့မျက်ရှင်
ငါ့ကို ပြောစမ်းပါ နင် ဘာတွေ လုပ်နေတာလဲ...."မယုံနိုင်တာကြောင့် မာမီ ကို မေးနေတုန်း မာမီ ဆီက ထွက်
လာတဲ့ စကားတွေက မျက်ရှင် ရင်ကို အရမ်းနာကျင်သွား
စေပြီး ပါးပြင်ပေါ်ကို မျက်ရည်တွေက စီးကျလာရသည်။ဒယ်ဒီ ဆုံးပြီတဲ့ .......မျက်ရှင် ကြောင့် ဒယ်ဒီ ဆုံးပြီတဲ့ .....
လူက မယုံကြည်ချင်ပေမဲ့ ပြောတဲ့သူက တခြားသူမဟုတ်ဘဲ
မာမီ ဖြစ်နေတော့ မျက်ရှင် ဘယ်လို့မှ ဖြေဆည်လို့ မရပေ ..
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား