Part (31) Zg + Uni final part

5.1K 92 1
                                    

အချစ်​ထက်​ပို​သော - (Part - 31 ) ဇာတ်သိမ်းပိုင်း ⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

" နမ်းမလို့​လေ...... မျက်​ရှင်​ အသက်​ရှူဖို့ ​မေ့သွားတဲ့ အထိ ကိုယ်​နမ်းမလို့.......ဘယ်​လိုလဲ ​ကြောက်​​နေပြီလား မျက်​ရှင်
ကိုယ့်​ကို........."

" မ​ကြောက်​ပါဘူး .......မျက်​ရှင်​ က ဘာလို့ ​ကြောက်​ရမှာလဲ "

" တကယ်​​နော်​ မ​ကြောက်​ဘူး​နော်​ မျက်​ရှင်​.......ဒါဆို
ကိုယ်​ စပြီ​နော်​ "

ချက်​ချင်းဆိုသလို မျက်​ရှင်​ မျက်​နှာအနားကို စစ်​​သွေးမျက်​နှာ
က ဝဲသွားသည်​။ ​မျက်​ရှင်​ မျက်​နှာအနား ​ရောက်​ပြီဆိုတာနဲ့ တစ်​ပြိုင်​နက်​ စစ်​​သွေး က တစ်​ချက်​ပြုံးလိုက်​ပြီး ......

"ရွှတ်....... ရွှတ် "

" ယားတယ်လို့ စစ်သွေး "

" ချစ်လို့လေ...... မျက်ရှင် ကို ကိုယ် ချစ်လို့ "

အပြောနဲ့အတူ မျက်ရှင် ရဲ့ ပါးကို စစ်သွေး မနားတမ်း နမ်းသည်။
မျက်ရှင် မှာတော့ စစ်သွေး လုပ်ရပ်ကြောင့် ရင်တွေကလည်း
ခုန်၊ နောက်ပြီး အဆက်မပြတ်ကြီးနမ်းနေတော့
ယားလည်း ယားနေသည်။

သို့သော် စစ်သွေး ကမူ မျက်ရှင် ရဲ့ ပါးကို အဖြူစင်ဆုံး အနမ်း
တွေနဲ့ အဆက်မပြတ်နမ်းနေခဲ့သည်။

စစ်သွေး ရဲ့ အဖြူစင်ဆုံး အနမ်းတွေအောက်မှာ မျက်ရှင် က
တော့ ထာဝရ ကျရှူံးပြီးသားပင်.......

>>>>>>>>>>>>>>>

" မျက်​ရှင်​ ​နောက်​တစ်​နာရီ​လောက်​​နေရင်​ မင်္ဂလာပွဲက
စ​တော့မယ်​​နော်​ "

ချောင်းသာ hotel က မျက်​ရှင်​ မိတ်​ကပ်​ပြင်​​နေတဲ့
မိတ်​ကပ်​ပြင်​ခန်းထဲကို ဝင်​လာပြီး ​ပြောလိုက်​သူက​တော့
မျက်​ရှင်​ သူငယ်​ချင်း ယူရီပင်​.......
ယူရီ ​နောက်​က စန်​စန်​ လည်း မျက်​ရှင်​ ကို စိတ်​မလှူပ်​ရှား
ဖို့ ​ပြော​နေခဲ့သည်​။

မိတ်​ကပ်​ဆရာမ က​တော့ သူ့ customer ဖြစ်​တဲ့
မျက်​ရှင်​ ကို အ​ကောင်းဆုံးဖြစ်​​အောင်​ ​သေချာလိမ်း​ပေး​နေသည်​။
မျက်​ရှင်​ က​တော့ မိတ်​ကပ်​ဆရာမ မိတ်​ကပ်​လူး​ပေးတာကို
ငြိမ်​ခံရင်း ခဏ​နေ စမယ့်​ မင်္ဂလာပွဲအတွက်စိတ်​​တွေလှူပ်​ရှားကာ
စန်​စန်​ နဲ့ ယူရီ ရဲ့ ဆုံးမသြဝါဒ​စကား​တွေ​က သူမ အဖို့ ကြားတစ်​ချက်​ မကြားတစ်​ချက်​ပင်​ .......။

🎉 You've finished reading အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် ) 🎉
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )Where stories live. Discover now