Part (3) Zg + Uni

2.9K 111 0
                                    

အချစ်​ထက်​ပို​သော - (Part - 3) ⭐⭐⭐⭐⭐⭐

" မျက်​ရှင်​ ဒီက​လေးက နင့်​နဲ့ ဆင်​တယ်​​နော်
ငါ့ က နင့်​သား မှတ်​​နေတာ "

Uni မှာကတည်းက မျက်​ရှင်​ ကို သိပ်​ကြည့်​မရတဲ့ ကလျာ
က အခု​တော့ ဒီစကား​တွေ ​ပြောလာ​တော့ မျက်​ရှင်​ ပြုံးပဲပြုံး ​နေလိုက်​သည်​............မျက်​ရှင်​ သိတာ​ပေါ့ .....
မျက်​ရှင်​ က ​တောက်​စစ်​​သွေး ရဲ့ အချစ်​ဆုံး သူငယ်​ချင်း
ဖြစ်​​နေလို့ ကလျာ ဒီလိုစကား​တွေ ​ပြော​နေတယ်​ဆိုတာ....
ဒါ​ပေမဲ့ မျက်​ရှင်​ သိပ်​နားလည်​ရခက်​​နေမိသည်​.....ဘာလို့ဆို
မျက်​ရှင်​ က ​တောက်​စစ်​​သွေးရဲ့ သူငယ်​ချင်း​လေ....
သူ့ကမှ မျက်​ရှင်​ အရမ်းချစ်​တဲ့ ​တောက်​စစ်​​သွေး ရဲ့
အချစ်​ကို ပိုင်​ဆိုင်​ထားသူ​လေ .....အဲ့ဒါ​ကို သူ့က
Uni တုန်းကလည်း Uni မလို့ ......အခုလည်း
မျက်​ရှင်​ ကို ဖဲ့​နေတာ မြင်​​တော့ နားလည်​ရခက်​​နေမိသည်​...

" ဟုတ်​တယ်​ ငါ့သားပဲ ........ငါ ​ ​မ​မွေးတာပဲ ရှိတယ်
ငါ့ လက်​​ပေါ်မှာ ကြီးပြင်းတဲ့ ငါရဲ့ သား​လေး "

" မားမား "

" ဟင်​....."

ရုတ်​တရက်​ ယူရီ လက်​ထဲက​နေ ထိုးဆင်းပြီး မျက်​ရှင်
အား သူ့ကို ချီ​ပေးဖို့ လက်​​ပေးကာ ​ခေါ်လိုက်​​သော ဘွိုင်း​လေးရဲ့ မားမားဆိုတဲ့ အသံ​လေး​ကြောင့်​ စစ်​​သွေး နဲ့ ကလျာ အံ့အားသင့်
သွားကြသည်​။

" မျက်ရှင်.... ..ဘွိုင်းလေး က မင်း ကလေးလား
မင်း ကို မားမား လို့ ခေါ်နေတာ "

ပုံမှန်ဆိုရင် ဒီမေးခွန်းကို မျက်ရှင် ထိတ်လန့်မိမယ်ဆိုပေမဲ့
ဒါပေမဲ့. ...ဂျပန်မှာ ကတည်းက မျက်ရှင် အကြိမ်ကြိမ်
ဒီမေးခွန်း ကို လေ့ကျင့် ထားပြီးသားပင်.....
ဒါကြောင့် တောက်စစ်သွေး မျက်နှာ ကို မျက်ရှင် စိုက်ကြည့်ပြီး
..........

" ငါ့ ကလေးမဟုတ်ဘူး.... ဒါပေမဲ့ ဘွိုင်းလေးက
ငါ့ လက်ထဲမှာပဲ ကြီးပြင်းခဲ့ရတာ..နောက်ပြီး ယူရီ
လက်ထဲ ထက် ဘွိုင်းလေး က ငါ့ဆီမှာပဲ နေတာက
များတယ်.... .ဒါကြောင့် ငါ့ကို မားမား လို့ ခေါ်တာ
ကဲ..... ဘာသိချင်သေးလဲ တောက်စစ်သွေး "

အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )Where stories live. Discover now