Part (5) Zg + Uni

2.4K 83 0
                                    

အချစ်​ထက်​ပို​သော - (Part - 5) ⭐⭐⭐⭐⭐⭐

" ကို......ဒီရက်​ပိုင်း ကို့ စိတ်​ကြိုက်​ မျက်​ရှင်​ နဲ့ ပြန်​​ပြေလည်
အောင်​ ကလျာ လုပ်​ခဲ့တယ်​​နော်​.......အခု​တော့
ကလျာ အလှည့်​​ပေါ့ ​နော့ ......."

တောက်​စစ်​​သွေးတို့ ကုမ္ပဏီက သန့်​စင်​ခန်းထဲတွင်​ သန့်​စင်​ခန်းက မှန်​ ကို ကြည့်​ပြီး ကလျာ ပြုံးလိုက်​သည်​။
သူမ လက်​ထဲတွင်​လည်း ဘွိုင်း​လေး ရဲ့ DNA နဲ့
မျက်​ရှင်​ ရဲ့ DNA စာရွက်​​လေးပင်​......​နောက်​ပြီး
ယူရီ က ဘွိုင်း​လေးနဲ့ ဘာမှ မသက်​ဆိုင်​ဘဲ
မျက်​ရှင်​ နဲ့သာ သက်​ဆိုင်​​ကြောင်း ​ဖော်​ပြ​နေတဲ့ စာရွက်​​လေး
ကလည်း သူမ လက်​ထဲ ရှိ​နေခဲ့သည်​။

ဒီ​နေ့ စစ်​​သွေး က သူ့ကုမ္ပဏီက ရတနာ​တွေကိုလည်း
မိတ်​ဆက်​​ပေးသွားမယ့်​အပြင်​ မျက်​ရှင်​ ရဲ့ ဖက်​ရှင်​ဒီဇိုင်းကိုပါ ဒီပွဲမှာ နာမည်​ကြီး သွား​အောင်​ လုပ်​​ပေးမယ်​ဆိုတဲ့
အစီအစဉ်​​ကြောင့်​ အခုလို မျက်​ရှင်​ သိက္ခာကျ​အောင်
ကလျာ လုပ်​ခြင်းဖြစ်​သည်​။ ​နောက်​ပြီး လွန်​ခဲ့တဲ့ရက်​က မျက်​ရှင်​ မသိ​အောင်​ ကလျာ ယူလာခဲ့တဲ့ ဆံပင်​​ကိုလည်း ​ဒေါက်​တာ ဆီ
သွားပြီး စစ်​​ဆေးခိုင်းထား​တော့ ထွက်​လာတဲ့ DNA result က
ကလျာ ထင်​တဲ့အတိုင်းပင်​.... ဒါ့အပြင်​ ဒီ DNA စာရွက်​​တွေကို
သတင်း​ထောက်​​တွေကို ​ပေးပြီး မျက်​ရှင်​ ကို အရှက်​ခွဲဖို့
ကလျာ တစ်​​ယောက်​ ​တွေးပြီး ပြုံး​နေခဲ့သည်​။

သူ ထင်​တာ မှန်​​နေ​ပေမဲ့ တစ်​ခုက​တော့ လွဲကျန်​​နေခဲ့သည်​...
ထိုအချက်​ က ဘွိုင်း​လေးအ​ဖေ က ​တောက်​စစ်​​သွေး ဆိုတာ
ပင်​..........

*************************************

" အခု မော်ဒယ်ခြူးစစ်ဟန် ဝတ်ထားတာကတော့ နဝရတ်စိန်ပါ
ဒီနဝရတ်စိန်က တခြားစိန်တွေလို အနီမဟုတ်ဘဲ အဖြူပါ
အဖြူကိုမှ ပုလဲ၊ ပယင်း၊ ကျောက်ဖြူ နဲ့ နီလာ စပ်ထားတာပါ
ဒီနဝရတ်စိန်မှာ ထူးခြားတာ တစ်ခုရှိပါတယ် အဲ့ဒါကတော့ ရောဂါဘယက် ကင်းဝေးခြင်း၊ ဝတ်လိုက်တာနဲ့ တစ်ပြိုင်နက် နေရထိုင်ရတာ အတော်ကောင်းမွန် စေခြင်းတို့ ဖြစ်ပါတယ်... ...ဒါတင် မကသေးဘူး ဒီ နဝရတ်စိန်ရဲ့ ဒီဇိုင်းက limited နဲ့ပါနော် မြန်မာနိုင်ငံမှာ ဒီတစ်ခုပဲ ရှိပါတယ်
တခြားဘယ်မှာမှ ဒီလိုပုံစံမျိုး မရှိပါဘူးနော်
ဈေးကတော့ သိန်းပေါင်း တစ်သောင်းတစ်ထောင်ပါနော် "

အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )Where stories live. Discover now