အချစ်ထက်ပိုသော - (Part - 18) ⭐⭐⭐⭐⭐⭐
" မောင်တောက်စစ်သွေး သဘောတူရင် ဒီနေရာမှာ
လက်မှတ်ထိုးပေးပါ ......"တရားရုံးက တရားသူကြီးရဲ့ အယူအခံတွေကို စစ်သွေး နဲ့
ကလျာ နားထောင်ပြီးတဲ့နောက်မှာ လက်မှတ်ထိုးပေးဖို့
စစ်သွေး ကို တရားသူကြီးက ပြောလေသည်။ကလျာ လည်း စစ်သွေး လက်မှတ်ထိုးမှာကို ပြုံးပြီး ကြည့်နေ
လေသည်။ ယူရီ ၊ စန်စန် နဲ့ မျက်ရှင် လည်း စစ်သွေး
လက်မှတ်ထိုးမှာကို ဘေးကနေ ထိုင်ကြည့်နေကြသည်။
သားထက် နဲ့ မိုးသူလည်း တစ်ယောက်နဲ့ တစ်ယောက် ကြည့်
ပြီး စစ်သွေး လက်မှတ်ထိုးမှာကို သက်ပြင်းချနေကြသည်။ချက်ချင်းဆိုသလို တရားသူကြီး ပေးတဲ့ လက်ထပ်စာရွက်လေး
ပေါ်မှာ စစ်သွေး က လက်မှတ်ထိုးဖို့ ပြင်လေသည်။
ဘောလ်ပင် လေးကိုင်ပြီး စာရွက် က အောက်ဆုံးကွက်လပ်
လေးမှာ နာမည်တစ်ခုကို စစ်သွေး စရေးလေသည်။" သားထက်. .......မင်း ဘာလုပ်တာလဲ.. .!!! "
စစ်သွေး လက်မှတ်ထိုးဖို့ လုပ်နေတုန်း သားထက် က ဘောလ်ပင်ဆွဲယူ လိုက်တာကြောင့် သူ ဒေါသထွက်သွားခဲ့သည်။
" မင်း ထိုးလို့ မရဘူး တောက်စစ်သွေး...... "
" ဘာလို့ ငါ့က ထိုးလို့မရ ရမှာလဲ...!!! "
အကုန်လုံးလည်း သားထက် လုပ်ရက်ကို ကြည့်ပြီး နားမလည်
ဖြစ်နေကြသည်။ ထိုထဲတွင်တော့ မိုးသူ မပါဝင်ပါ။" မင်း ထိုးလို့ မရဘူး တောက်စစ်သွေး..... ဘာလို့ဆို
ဘွိုင်းလေး က မင့် သားမလို့ပဲ.....!!! ""ဘာ...!!! "
ကြားလိုက်ရတဲ့ စကားကြောင့် စစ်သွေး မျက်ဝန်းတစ်စုံက
ပြူးကျယ်သွားခဲ့သည်။ သူ့  မျက်ဝန်းကလည်း မျက်ရှင် ကို
အလိုလို သွားကြည့်လေသည်။မျက်ရှင် လည်း သားထက် စကားကြောင့် မျက်လုံးပြူးပြီး လူ
က တုန်လှုပ်နေခဲ့သည်။
ကလျာ လည်း သားထက် ဒီကိစ္စကို ဘယ်လိုသိလဲဆိုပြီး
အံ့သြနေသည်။
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား