အချစ်ထက်ပိုသော - (Part - 12) ⭐⭐⭐⭐⭐⭐
စားပွဲထိုးကောင်လေးကို အစပ်တွေမှာနေတဲ့ မျက်ရှင် ကို ကြည့်ပြီး သူ စိတ်တွေပူလာရသည်။
အစပ်တွေ အများကြီး မစားနိုင်တဲ့ မျက်ရှင် က အခု စပိုင်စီ
ကို အစပ်ဆုံးလို့ ပြောပြီး မှာနေတော့ စစ်သွေးသက်ပြင်းတွေ
ချနေရသည်။ အမြဲတမ်း မျက်ရှင် ဟော့ပေါ့ စားရင် အစပ်
အနည်းငယ်ပဲ သူမှာပေးတတ်သည်။ အခု အဲ့ဒါကို မျက်ရှင်
က အစပ်တွေ အများကြီး မှာပစ်လိုက်တော့ စစ်သွေး
သွားပြီး တားပစ်လိုက်ချင်သည်။ သို့သော် မျက်ရှင် က သူ
နဲ့ မပတ်သက်ဖို့ကို မှာထားတော့ စစ်သွေး အကြံအိုက်သွား
ရသည်။ကလျာ လည်း တစ်ခုခုကို အတွေးလွန်နေတဲ့ စစ်သွေး
ကို ကြည့်ပြီး နားမလည် ဖြစ်နေလေသည်။ကျောင်းတုန်းက အစပ်တွေအများကြီးစားလို့ ဗိုက်အောင့်ပြီး
အသားကုန် ငိုနေခဲ့တဲ့ မျက်ရှင် ပုံစံကို စစ်သွေး ပြန်မြင်ယောင်
လာတာကြောင့် လူက မနေနိုင်တော့ဘဲ စားပွဲထိုးလေးကို
စပိုင်စီ မလုပ်တော့ဖို့ သွားပြောရန် ခုံကနေ ထလိုက်မိသည်။ထပြီးတာနဲ့ သွားပြောဖို့အလုပ် စပိုင်စ်ီနဲ့ ကိုလာဘူးကို လင်ဗန်းပေါ်မှာ သယ်ယူလာတဲ့ စားပွဲထိုးလေးကို သူ မြင်လိုက်ရ၍ ဘာ
လုပ်ရမှန်း မသိဖြစ်သွားရသည်။ကြံရာမရတဲ့ အဆုံး မသိသလို မမြင်သလိုနဲ့ စားပွဲထိုး လက်ထဲ
က ဟာတွေ ပြုတ်ကျသွားအောင် သူ တိုက်ပစ်လိုက်သည်။" ခလွမ်း "
" အား ....."
သူ တိုက်လိုက်တော့ စပိုင်စီ အပူတွေက သူ့ရင်ဘတ်ပေါ်ကို
မှောက်ကျသွားခဲ့သည်။ အခုမှ လောလောလတ်လတ်ပြုတ်ထားတဲ့ စပိုင်စီတွေက အရမ်းပူတာကြောင့် အပူလောင်ပြီး အော်မိသွား
သည်။ နောက်ပြီး ဖန်ပန်းကန်လုံးကလည်း ကွဲသွားခဲ့သည်။" ကို ဘာဖြစ်တာလဲ .......ကို ရရဲ့လားဟင်
ကို အဆင်ပြေလား "စစ်သွေး တိုက်မိတာနဲ့ ကလျာ က ချက်ချင်း စစ်သွေး နား
ရောက်လာပြီး အသည်းအသန်မေးလေသည်။
နောက်ပြီး အနားက စားပွဲဝိုင်းက တစ်ရှူးဘူးထဲက တစ်ရှူးလိပ်
ကို ယူပြီး စစ်သွေး ကို ပျာပျာသလဲနဲ့ ကလျာ သုတ်ပေးလေသည်။
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား