အချစ်ထက်ပိုသော - (Part - 27 ) ⭐⭐⭐⭐⭐⭐
" မျက်ရှင် ဆီ ငါ ပြန်မယ် ...... အခုချက်ချင်း ငါ့ကို လွှတ်ပေး
လို့ ...... ငါ ပြောတာကြားလား ငါ့ကို လွှတ်ပေးလို့ .....
မျက်ရှင် ဆီ ငါပြန်မယ် လို့..... "အခန်းထဲမှာ ကောင်လေးတစ်ယောက်ကို သံကြိုးတွေနဲ့
ခတ်ပြီး သံကြိုးစကိုလည်း ကုတင်တိုင်မှာ ချည်ထားလေသည်။
နောက်ပြီး ထိုကောင်လေး ဘေးနားမှာလည်း ထမင်းပန်းကန်
အကွဲစတွေက ပွစာကျဲနေသည်။အခန်းပြင်က လူမိုက် နှစ်ယောက်မှာတော့ လေးပတ်တိတိ တောင် ဇွဲမရှိဘဲ အော်နေတဲ့ အခန်းထဲက ကောင်လေးကြောင့်
နားညီးနေကြသည်။" ကိုည နဲ့ ကိုတိုးကြီး "
" ကျွန်မ အခန်းထဲဝင်ပြီး ထမင်းကျွေးလိုက်အုံးမယ် "ထိုအချိန် သူတို့နှစ်ယောက်နားကို စောယု ရောက်လာပြီး
ပြောလိုက်တဲ့ စကားကြောင့် သူတို့လည်း ခေါင်းငြိမ့်ပြလိုက်သည်။
ထိုလူနှစ်ယောက်ဆီက ခွင့်ပြုချက်ရတာနဲ့ စောယု ဆိုတဲ့
ကောင်မလေးကလည်း အခန်းထဲဝင်လာခဲ့သည်။" အစ်ကို ထမင်းစားရအောင် "
" မစားဘူး အခုချက်ချင်း မင်း ပန်းကန်တွေကို ပြန်ယူသွားလိုက်
နောက်ပြီး ငါ့ကို ဖမ်းခိုင်းတဲ့ မင်းတို့ဆရာနဲ့ ငါ တွေ့ချင်တယ်
အခုချက်ချင်း ခေါ်ပေး ငါ ပြောတာကြားလား "နေ့စဉ်တိုင်း ဒီစကားပြောတဲ့ အစ်ကိုကြောင့် စောယု အစ်ကို ထမင်းစားအောင် အရင်နည်းလမ်းပဲ သုံးလိုက်သည်။
မမလေးကလျာ ကလည်း အစ်ကို ထမင်းမစားရင် စောယု
ကို သတ်မှာဆိုတော့ အရင်နည်းအတိုင်းပဲ စောယု အစ်ကို ကို
အသနားခံလိုက်သည်။" ထမင်း စားပါနော် အစ်ကို........ အစ်ကို ထမင်းမစားရင်
စောယု သတ်ခံရမှာ..... ဒါကြောင့် အစ်ကို ထမင်းစားပေး
ပါနော် စောယု တောင်းပန်ပါတယ်...... "မျက်ရည်တွေ ကျပြီး တောင်းပန်နေတဲ့ စောယု ဆိုသော ကောင်မလေး ရဲ့ စကားကို သူ ဒီတစ်ခါ မနာခံချင်တော့ပါ။
သူ သနားပြီး ထမင်းစားပေးတာ အခုဆိုရင် တစ်လပြည့်တော့
မယ်...... ဒီတစ်ခါတော့ သူ မသနားနိုင်ပါ..... ဖြစ်ချင်ရာ
ဖြစ်ပဲ........
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား