အချစ်ထက်ပိုသော - (Part - 22 ) ⭐⭐⭐⭐⭐⭐
" ဟင့်အင်း မလိုက်နဲ့ ......မျက်ရှင် နောက်ကို မလိုက်နဲ့ ....
!!!!! .......မျက်ရှင် ကြောက်တယ် .......မျက်ရှင်
နောက်ကို မလိုက်ပါနဲ့ ........."" မျက်ရှင် .......သမီးလေး ....နေပါဦး "
ဒေါ်ခင်ရိပ် ဘယ်လောက်အော်ခေါ်ခေါ် မျက်ရှင် ကတော့
ပြေးတာကို ရပ်တန့်မသွားဘဲ ဆက်ပြေးနေလေသည်။အဖြစ်အပျက်တွေက မြန်ဆန်တော့ စစ်သွေး ၊ စစ်သွေးမိဘနှစ်ပါး နဲ့ ဘွိုင်းလေး ကလည်း မျက်ရှင် နောက်ကို လိုက်ဖို့ကို မေ့ပြီး
နေရာမှာတင် ကြောင်နေလေသည်။ထိုအချိန်မှာ အရှေ့မှာ ပြေးနေတဲ့ မျက်ရှင် ကို လမ်းဘေး တစ်နေရာက ကားထဲကနေ ကလျာ တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။ တဖြေးဖြေး မျက်ရှင် သူ့ ကားနားကို ရောက်ဖို့ မနီးမဝေးလို တော့တဲ့ အချိန်မှာ ကားဂီယာကို အရှိန်အမြင့်ဆုံးတင်
ပစ်လိုက်သည်။တင်ပြီးတာနဲ့ ချက်ချင်းဆိုသလို ကားစတီယာရင်
ကို ကလျာ ကိုင်ပြီး ပြေးနေတဲ့ မျက်ရှင် ဆီကို ဒုန်းစိုင်း
မောင်းချသွားသည်။မာမီ လိုက်လာလို့ ပြေးနေရင်းနဲ့ကနေ ရှေ့မှာလာနေတဲ့
ကားတစ်စီးက မျက်ရှင် ဆီကို အသားကုန် မောင်းချလိုက်တာကြောင့် ပြေးနေတာက ရပ်တန့်သွားရပြီး လူက ကြောင်သွား မိသည်။ထိုအချိန် ကားက မျက်ရှင် ကို တိုက်ဖို့ အနည်းငယ်ပဲ လိုတော့တဲ့
အချိန်မှာ မျက်ရှင် ကြောက်ပြီး မျက်လုံးတွေကို စုံမှိတ်ချပစ်
လိုက်သည်။" မျက်ရှင် .......!!!
" မျက်ရှင် .......!!!
" မားမား.....!!!! "
" ကျွီ........ဒုန်း ......!!!!! "
" အား......!!!! "
ရုတ်တရက် အကုန်လုံး က မျက်ရှင် ကားတိုက် ခံရပြီ ထင်ပြီး
မျက်ရှင် နာမည်ကို အော်နေတုန်း ထိုအချိန် ဒေါ်ခင်ရိပ် က ချက်ချင်းပြေးလာပြီး မျက်ရှင် ကိုယ်လေးကို တွန်းထုတ်လိုက်ကာ
မျက်ရှင် ကိုယ်စား သူမ က ဝင်ခံလိုက်သည်။
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား