အချစ်ထက်ပိုသော - (Part - 14) ⭐⭐⭐⭐⭐⭐
သူ့မှာသာ နာကျင်ရပေမဲ့ မျက်ရှင် ကတော့ အယ်လ်စန် ကို
dryer ထပ်မှူတ်ပေးနေခဲ့သည်။ ဒါကို ကြည့်ပြီး စစ်သွေး
မခံစားနိုင်တာကြောင့် မျက်ရှင် လက်ထဲက dryer ကို
လုယူပစ်လိုက်သည်။" တောက်စစ်သွေး နင် ဘာလုပ်တာလဲ အခုချက်ချင်း
ငါ့ကို dryer ပေးစမ်း "စစ်သွေး မျက်ရှင် လက်ထဲက dryer ကို လုတာနဲ့ မျက်ရှင်
က ချက်ချင်းတောင်းလေသည်။ ဒါကို စစ်သွေး က
ပြန်မပေးဘဲ ပြောလိုက်သည်က ......." သူ့ ဆံပင်တွေ ခြောက်ရုံမလား ......ငါ လုပ်ပေးလိုက်မယ် "
ပြောပြီးတာနဲ့ စစ်သွေး သူ့လက်ထဲက dryer နဲ့ အယ်လ်စန်
ကို မှူတ်ပေးလေသည်။ စစ်သွေး လုပ်ပေးတာကို စန်စန် ဇိမ်ခံ
ပြီး သဘောတွေ ကျနေခဲ့သည်။" မားမား "
" ရှင့် ဘွိုင်းလေး ........မားမား ကို ဘာပြောမလို့လဲ "
"မားမား ဒီအခြောက်မကြီး နဲ့ ဘွိုင်းလေး အိပ်ချင်ဘူး
ဒါကြောင့် ဒီခြောက်ခြောက်ကြီး ကို တစ်ခြားတစ်နေရာ
အိပ်ခိုင်း မားမား အခန်းထဲ အိပ်ခိုင်းနဲ့ "" ဟင် ....."
ဘွိုင်းလေး ရောက်ချလာပြီး ပြောလိုက်တဲ့ စကားကြောင့်
စစ်သွေး အရမ်းအံ့သြသွားသည်။ မျက်ရှင် နဲ့ စန်စန် လည်း
ဘွိုင်းလေး စကားကြောင့် စစ်သွေး ကို အမြန်လှမ်းကြည့်ကြသည်။
ထိုအခါ စစ်သွေး က သူ့ကို ကြည့်လာတဲ့ မျက်ရှင် နဲ့ အယ်လ်စန်
ကို ကြည့်ပြီး......." မျက်ရှင် .......သူ......သူ့က .....!!! "
" မင်း နဲ့ တစ်ခန်းထဲ အိပ်တာလား "ထစ်အနေတဲ့ စစ်သွေး မေးခွန်းတစ်ပိုင်းတစ်စ ကို မျက်ရှင်
နားထောင်ပြီး သွားပြီလို့ စိတ်ထဲက ပြောနေတုန်း နောက်ဆက်
တွဲရဲ့ တစ်ခန်းထဲ အိပ်တာလားဆိုတဲ့ စကားကြောင့် မျက်ရှင်
စိတ်သက်သာရာ ရသွားသည်။ စန်စန် လည်း ထိုအခါကျမှ
သက်ပြင်းချနိုင်သည်။
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား