အချစ်ထက်ပိုသော - (Part - 23 ) ⭐⭐⭐⭐⭐⭐
ငိုနေတဲ့ မျက်ရှင် ကို ကြည့်ပြီး စစ်သွေး သနားကာ မျက်ရည်
တွေ ဝဲလာခဲ့သည်။" လိုက်ပို့ပေးမယ်နော် မျက်ရှင် .......မျက်ရှင် ကို မာမီ ဆီ
ကိုယ် လိုက်ပို့ပေးမယ်နော် ......ဒါပေမဲ့ မျက်ရှင် သုံးရက်စောင့်
ရမယ် ......သုံးရက်ပြည့်ရင် မျက်ရှင် မာမီ ဆီကို ကိုယ် လိုက်ပို့
ပေးမယ်နော် ........"" သေချာလား စစ်သွေး ........သုံးရက်ပြည့်ရင် မျက်ရှင် ကို
မာမီ ဆီ လိုက်ပို့ပေးမှာ သေချာလား ......."" သေချာတယ် မျက်ရှင် .......သုံးရက်ပြည့်ရင် မျက်ရှင် ကို
မျက်ရှင် မာမီ ဆီ လိုက်ပို့ပေးမယ်လို့ ကိုယ် ကတိပေးတယ် "" ဒါဆို လက်ပေး "
အပြောနဲ့အတူ ကတိပေးဖို့ လက်သန်းလေးကို ရှေ့ထုတ်လိုက်
တဲ့ မျက်ရှင် ကြောင့် စစ်သွေး လည်း သူ့ လက်သန်းလေးနဲ့
မျက်ရှင် လက်သန်းလေးကို သွားချိတ်လေသည်။" စိတ်ချပါ မျက်ရှင် ......မျက်ရှင် ကို ကိုယ် ကတိပေးပါတယ်
မျက်ရှင် အမေ ကို သုံးရက်ပြည့်ရင် အကောင်းပတိအတိုင်း
တွေ့စေရမယ် ......ကိုယ့် နှလုံးသား ကို မျက်ရှင် အမေ ဆီ
လွှဲပြောင်းပြီးတော့ပေါ့.......ဒါပေမဲ့ ကိုယ် တစ်ခုလောက်
တောင်းဆိုချင်တယ် .......ဒီသုံးရက်အတွင်းမှာ မျက်ရှင်
ကျန်းကျန်းမာမာ နေပေးပါ......နောက်ပြီး ကိုယ့်ကို
စိမ်းကားတဲ့ စကားတွေ မပြောပါနဲ့ ......ကိုယ့် ကိုယ်
ကိုယ် ထိခိုက်မယ့် ကိစ္စလည်း မျက်ရှင် မလုပ်ပါနဲ့......
အနည်းဆုံး မျက်ရှင် စိတ်မဖောက်ပြန်ပါနဲ့.....
ဘာလို့ဆို ဒီ သုံးရက်က ကိုယ့်ရဲ့ နောက်ဆုံးအချိန်မလို့ပါ....
အဲ့ဒီအချိန်လေးမှာ မျက်ရှင် နဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရ
တွေကို ကိုယ်ဖန်တီးချင်တယ် ......ဒါကြောင့် စိတ်ဖောက်ပြန်
ပြီး ကိုယ့်ကို မေ့မသွားပါနဲ့ .....ကိုယ် ဒါလေးတော့
တောင်းဆိုပါရစေ မျက်ရှင်......ကိုယ့်ရဲ့ နောက်ဆုံးအချိန်လေးမလို့ပါ .........."
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား