အချစ်ထက်ပိုသော - (Part - 4) ⭐⭐⭐⭐⭐⭐
ဖျတ်ကနဲ ဝင်လာတဲ့ အတွေးနဲ့အတူ မျက်ရှင် ဟိုဘက်အလှည့်
စစ်သွေး ကလည်း ဆံပင်စည်းပြီးသွားလို့ စားပွဲခုံကို လက်လှမ်းထောက်ရင်းနဲ့ မျက်ရှင် မျက်နှာနား
အလာ .......ထိုအချိန် မျက်ရှင် ရဲ့ နှူတ်ခမ်းက
သူမ ဘက်လှည့်လာတဲ့ စစ်သွေး ရဲ့ ပါးပြင်ပေါ်ကို ကျရောက်
သွားခဲ့သည်.........စစ်သွေး လည်း သူ့ပါးကို နမ်းလိုက်တဲ့ မျက်ရှင် ရဲ့ လုပ်ရက်
ကြောင့် မျက်လုံးပြူးသွားပြီး ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားရသည်။
မျက်ရှင် လည်း ရုတ်တရက်ဆိုတော့ အံ့သြသင့်သွားပြီး
စစ်သွေး ပါးပြင်ပေါ်ကနေ သူမ ရဲ့ နှူတ်ခမ်းလေးကို
အခုထိ မဖယ်ပေးမိသေးပါ ......." ဖြန်း "
ထိုအချိန် တစ်ယောက်ယောက်က သူတို့နား ရောက်လာပြီး
မျက်ရှင် ပါးကို ရိုက်ချပစ်လိုက်သည်။" ဟင်...... ကလျာ "
ပါး ရိုက်လိုက်တဲ့ သူက တခြားသူ မဟုတ်ဘဲ ကလျာ ဖြစ်နေ
တာကြောင့် စစ်သွေး အံ့ဩပြီး သူ့ရည်းစား နာမည်ကို
ခေါ်လိုက်လေသည်။" ဖြန်း "
သူမ ပါးကို ရိုက်တာ ကလျာ ဖြစ်နေတာကြောင့် မျက်ရှင်
လည်း အချိန်ဆွဲမနေတော့ဘဲ ကလျာ ပါးကို ပြန်ရိုက်ချပစ်
လိုက်သည်။" မျက်ရှင်........ နင်..... နင်..... နင် ငါ့ကို ရိုက်တယ်
ပေါ့ .....တွေ့မယ် လာခဲ့စမ်း ငါ့ အကြောင်းကို "အပြောနဲ့ အတူ မျက်ရှင် ပါးကို ကလျာ ရိုက်ဖို့ ပြင်လိုက်သည်။
ထိုအခါ စစ်သွေး ကလည်း ကလျာ လက်ကို ချက်ချင်း
ဖမ်းဆုပ်ထားလိုက်သည်....." " ကို " လွှတ်...... ကလျာ ကို လွှတ် "
" မလွှတ်ဘူး ကလျာ.......မင်း ရိုက်လို့ မျက်ရှင် က ပြန်ရိုက်တာ
အခုချက်ချင်း ငါ နဲ့ လိုက်ခဲ့..... မျက်ရှင် ငါ တောင်းပန်ပါတယ် "မျက်ရှင် ကို တောင်းပန်ပြီးတာနဲ့ ကလျာ လက်ကို
ဆွဲကာ ဆိုင်အပြင်ဘက် စစ်သွေး ခေါ်သွားခဲ့သည်။
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား