အချစ်ထက်ပိုသော - (Part - 26 ) ⭐⭐⭐⭐⭐⭐
" ဦးလေးကောင်း မျက်ရှင် ကို စစ်သွေး ဆီ ဖုန်းခေါ်ပေး အုံး.......အဲ့ဒီ သားထက် က ဘာမှန်းလဲ မသိဘူး.....ဆေးရုံ
လာတာ ဖုန်းပါမလာခဲ့ဘူးတဲ့....ယူရီတို့ကလည်း ဖုန်းမပါလာဘူးတဲ့..... အဲ့ဒါ မျက်ရှင် ကို စစ်သွေး ဆီဖုန်းခေါ်ပေးအုံး ဦးလေးကောင်း ......""အင်း ဦးလေးလည်း ခေါ်ဖို့ပြင်နေတာ သမီးမျက်ရှင်........
ဒီမှာလေ သမီး အန်တီမြတ်က ဦးလေး ကို သူ့သားဆီခေါ်
ခိုင်းနေတာ ......"ပြောရင်းနဲ့ သူ့ ခါးကြားထဲက ဖုန်းကို ဦးကောင်းထက်
နိုက်လိုက်သည်။ နောက်ပြီး စစ်သွေး အမေကလည်း
မျက်ရှင် ကို မပူနဲ့ အန်တီခေါ်ခိုင်းထားတယ် လို့ကပါ
ပြောလိုက်သေးသည်။သားထက် ၊ မိုးသူ ၊ ယူရီ နဲ့ စန်စန် လည်း contact ထဲ
ဝင်ပြီး စစ်သွေး ဖုန်းနံပါတ်ကို နှိပ်ဖို့ ပြင်နေတဲ့ စစ်သွေး အဖေ
ကြောင့် ခြေဖျားလက်ဖျားတွေ အေးစက်လာရသည်။" ဟို.... .ဟို... ...ဦးလေး ကျွန်မမေ့နေတာ
စစ်သွေး ကို ဖုန်း ခေါ်လို့မရဘူး .. ....စစ်သွေး ဖုန်းက ကျွန်မ ဆီမှာ မေ့ကျန်ခဲ့တာ.. ...."အပြောနဲ့အတူ စစ်သွေး ဖုန်းကို ယူရီ သူမ အိတ်ထဲကနေ ကပျာကယာ ထုတ်ပေးလေသည်။
မျက်ရှင် လည်း စစ်သွေး ဖုန်းကို မြင်ပြီး စိတ်ထဲ အလိုမကျဖြစ်
သွားလေသည်။ သားထက်၊ မိုးသူ နဲ့ စန်စန် လည်း ယူရီ
ကယ်လိုက်မှ သက်ပြင်းချနိုင်သွားသည်။ ဦးကောင်းထက် ၊
ဒေါ်မြတ်သူ နဲ့ ဒေါ်ခင်ရိပ် တို့မှာလည်း မျက်ရှင် နည်းတူ
စိတ်ထဲအလိုမကျ ဖြစ်သွားခဲ့သည်။*************************************
" မြေးလေး...... ဘိုးဘိုးကြီး ကို ဘယ်လောက်ထိ ချစ်လဲ "
" ဟောဒီလောက်ကြီး ချစ်တာ ဘွိုင်းလေးက...."
" ဒါဆို ဘွားဘွားကြီး ကိုကျတော့ မချစ်ဘူးပေါ့ ဟုတ်လား
မြေးလေးက.... "" ဘွားဘွားကြီး ကိုလည်း ဘွိုင်းလေးက ဒီလောက်ကြီး ချစ်တာပါ
နော် "
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား