Part (17) Zg + Uni

1.9K 71 0
                                    

အချစ်​ထက်​ပို​သော - (Part - 17) ⭐⭐⭐⭐⭐⭐

မျက်​ရှင်​ နဲ့ ယူရီ က​တော့ သံပရာသီးစားမိလို့ ရှူံ့ တွသလို ဖြစ်​​နေတဲ့ မိုးသူ မျက်​နှာကို ​ရေပူစမ်း ​ရေကန်​ အ​ပေါ်က ဆုံလည်​ထိုင်​ခုံကြီး​ပေါ်က​နေ ကြည့်​ပြီး ပါးစပ်​ပိတ်​ကာ ရယ်​​နေကြသည်​။

ဒါကို ​ရေကူး​နေတဲ့ စစ်​​သွေး မြင်​ပြီး မျက်​ရှင်​ အကြံကို
သ​ဘော​ပေါက်​သွားခဲ့သည်​။ မျက်​ရှင်​ ကြံစည်​ထားတာကို
စစ်​​သွေး ရိပ်​မိ​ပေမဲ့လည်း သူ့ သူငယ်​ချင်း​တွေ ခံ​နေရတာကို
သွားမဆွဲမိပါ။ ဘာလို့ဆို မျက်​ရှင်​ ရဲ့ အပြုံးမှာ စစ်​​သွေး
ကျရှူံးသွားတာ​ကြောင့်​ပင် ..........

ပြုံးရင်းနဲ့ သွားဖြူဖြူ​လေး​တွေ ​ပေါ်လာတဲ့ မျက်​ရှင်​ ကို
ရေပူစမ်း ​ရေကန်​ထဲက​နေ စစ်​​သွေး မလှူပ်​မယှက်​ ​ငေးကြည့်
နေခဲ့သည်​။ ထိုအချိန်​ အိမ်​နဲ့ ဖုန်း​ပြောပြီးလို့ ကလျာ
ရောက်​လာကာ ​တွေ့လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်​ ​ဒေါသထွက်
သွားပြီး မျက်​ရှင်​ အနားကို ​ရောက်​သွားခဲ့သည်​။

" မျက်ရှင် လာပါ ငါနဲ့အတူတူ ရေကူးရအောင်.. ........"

" ရပါတယ် ကလျာ..... ငါ မကူးတော့ဘူး "

မျက်ရှင် အငြင်းကို ကလျာ လျစ်လျူရှူပြီး မရမက မျက်ရှင်ကို
ရေပူစမ်း ရေကန်ထဲ အတင်း ဆွဲခေါ်သွားခဲ့သည်။

ယူရီ လည်း ဝင်တားရင် မကောင်းတာကြောင့် ဒီတိုင်းပဲ ထိုင်ကြည့်
နေလိုက်သည်။

" ဗွမ်း..... ဗွမ်း... ဗွမ်း "

" ကလျာ မလုပ်နဲ့.... "

ရေပူစမ်း ရေကန်ထဲ ရောက်တာနဲ့ ကလျာ က ရေတွေနဲ့
မျက်ရှင် မျက်နှာကို အသည်းအသန် လှမ်းပက်လေသည်။

မျက်ရှင် ဘယ်လောက်တားတား ကလျာ ကတော့ ပက်နေခဲ့
သည်။ မျက်ရှင် လည်း ကလျာ က သူမ အသက်ရှူချိန်
မရအောင်ထိ ပက်နေတော့ မျက်နှာက မွန်းလာရသည်။

" မလုပ်နဲ့..... "
" မလုပ်နဲ့ ကလျာ.... "

" ဗွမ်း....... ဗွမ်း..... ဗွမ်း "

မျက်ရှင် ကသာ ငြင်းနေသော်လည်း ကလျာ ကတော့
မျက်ရှင် ငြင်းတာကို လျစ်လျူရှူပြီး မျက်ရှင် မျက်နှာကို ရေ
တွေနဲ့ အသည်းအသန် ပက်နေခဲ့သည်။
ကြာလာတော့ မျက်ရှင် လည်း ရေမွန်းပြီး မျက်ရည်တွေကျလာ
ရသည်။ စိတ်ထဲလည်း သူမ ကိုယ် သူမ တစ်ခုခု ဖြစ်တော့မယ်
ဆိုပြီး ကြောက်ရွံ့စိတ်ကြီး က ဝင်လာလေသည်။

အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )Where stories live. Discover now