အချစ်ထက်ပိုသော - (Part - 20 ) ⭐⭐⭐⭐⭐⭐
" ငါတို့ အတူတူနေရအောင်နော် မျက်ရှင် .......
ငါတို့ သားလေး ပြောတဲ့ အတိုင်း........
နောက်ပြီး နင် နာကျင်ခဲ့ရတာတွေအတွက် ဒီနေ့ကစပြီး
အတိုးရော အရင်းရော ပေါင်းပြီး နင့် ဘေးမှာငါ ပြန်လည်ပေးဆပ်
ပါရစေ မျက်ရှင် .......အခု ငါ့ နှလုံးသားကို ငါ သိသွားပြီဆို
တော့ နင့်ကို ချစ်တဲ့ အကြောင်းတွေ တစ်နေ့တစ်မျိုး မရိုးရ
အောင် ငါ ပြောမယ် မျက်ရှင် ......ဒါကြောင့် ငါ့ အချစ်တွေကို
လက်မခံနိုင်သေးရင်တောင် အသိအမှတ်လေးတော့ ပြုပေးပါနော်
မျက်ရှင် ....."" ငါ နာကျင်နေပြီ......ငါ အရမ်းပင်ပန်းနေပြီ တောက်စစ်သွေး
........ဒီအချိန်မှာ နင် ပြောတာကို ငါ လက်ခံရမလား
လက်မခံရမလား ဆိုတာ ငါ ကိုယ် ငါတောင် မသိတော့ဘူး
တောက်စစ်သွေး ....... ဒါပေမဲ့ သေချာတာတစ်ခုတော့
ရှိတယ် ငါ့ကို သူငယ်ချင်း တစ်ယောက်ထက် မပိုနိုင်ဘူးလို့
နင် ပြောတဲ့ စကားတွေက ငါ့ နားထဲမှာ အပြည့်ပဲ .....
အခုထိ လည်း အဲ့ဒီစကားတွေကို ငါ့ နားထဲကနေ မထုတ်နိုင်
သေးဘူး .........ဒါကြောင့် နင့် အချစ်ကို ငါ မယုံရဲဘူး.....
မယုံရဲတာထက် နင့်ကို ငါ မချစ်နိုင်တော့ဘူး....
နောက်ပြီး အယ်လ်စန် နဲ့ ငါ နဲ့ လာမယ့် တစ်ပတ်မှာ
လက်ထပ်ကြတော့မယ် ......ဒါကြောင့် နင် ငါနဲ့ ဘွိုင်းလေး
ဘဝထဲကနေ ထွက်သွားပေးပါ "" ဘာ....!! "
မျက်ရှင် စကားကြောင့် စစ်သွေး အံ့သြသင့်သွားသလို သားထက်
နဲ့ မိုးသူ ပါ အံ့သြသွားကြသည်။ ယူရီ နဲ့ စန်စန် လည်း မျက်ရှင်
လုပ်ရက်ကြောင့် သူတို့ပါ နားမလည်ဖြစ်ပြီး ကြောင်
တောင်တောင် ဖြစ်သွားကြသည်။" မျက်ရှင်. .......တစ်ပတ်နေရင် အယ်လ်စန် နဲ့ လက်ထပ်တော့မယ်ဟုတ်လား.....နင် လိမ်နေတာမလား မျက်ရှင်..... နင် လိမ်နေတာ မလား ....နင် ငါ ထွက်သွား
အောင်လို့ အခုလိုတွေ လျှောက်ပြောနေတာမလား... .."
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား