Part (30) Zg + Uni

1.9K 62 1
                                    

အချစ်​ထက်​ပို​သော - (Part - 30 ) ⭐⭐⭐⭐⭐⭐

မျက်​လုံးမှိတ်​ပြီး စစ်​​သွေး နမ်းမယ့်​အချိန်​ကို တစ်​​အောင့်​​လောက်
ကြာတဲ့အထိ မျက်​ရှင်​ ​စောင့်​​နေတုန်း ထိကပ်​လာခြင်းမရှိတဲ့
စစ်​​သွေး နှူတ်​ခမ်းတစ်​စုံ​ကြောင့်​ မှိတ်​ထားတဲ့ သူမ မျက်​ဝန်း​တွေ
ကို ချက်​ချင်းဖွင့်​ပစ်​လိုက်​သည်​။

" စစ်​​သွေး .......!!! "

ထိုအခါ မျက်​ရှင်​ ​ခေါ်လိုက်​​တော့ စစ်​​သွေး က မျက်​ရှင်
မျက်​ဝန်း​တွေကို ​သေချာစိုက်​ကြည့်​ပြီး........

" မျက်​ရှင်​ .........မျက်​ရှင်​ ကို ကိုယ်​ နမ်းလို့ရလားဟင်
မရရင်​လည်း ဘာမှမဖြစ်​ပါဘူး​နော်​......မျက်​ရှင်​ သ​ဘောပါ
ကိုယ်​ ဒီအတိုင်းပဲ ​မေးကြည့်​တာပါ "

ခုဏက သူမ ကို မနမ်းတာ ဘာများဖြစ်​လို့ဆိုပြီး ​မေးမယ်
လုပ်​တုန်း ရုတ်​တရက်​​ပြောချလိုက်​တဲ့ စစ်​​သွေး စကား​ကြောင့်
မျက်​ရှင်​ ပြုံးလိုက်​မိသည်​။

" ဪ....... စစ်သွေး ရယ် ဘာများလဲလို့.....
နမ်းလို့ရတာပေါ့....... မျက်ရှင် ခွင့်ပြုတယ် "

ထိုအခါကျမှ စစ်သွေး မျက်ရှင် ကို နမ်းဖို့ပြင်လေသည်။

မျက်ရှင် လည်း သူမ မျက်နှာအနားကပ်လာတဲ့ စစ်သွေး မျက်နှာကို
မျှော်လင့်စောင့်စားရင်း စစ်သွေးပေးမယ့် အနမ်းအတွက် ရင်တွေ
ခုန်နေခဲ့သည်။ နှုတ်ခမ်းလေးကို ရောက်ခံနီးမှာ မျက်ရှင် ရင်တွေ
ခုန်လာပြီး စစ်သွေး သူမ နှုတ်ခမ်းကို လာနမ်းရင် သူမ ပြန်နမ်း
မယ်လို့ တွေးတုန်း စစ်သွေး က နှုတ်ခမ်းကို မနမ်းဘဲ ပါးကို
ပဲ နမ်းလိုက်တာကြောင့် သူမ ပြုံးမိသွားသည်။
မက်မောမှုတွေ မပါဘဲ အရိုးရှင်းဆုံးနဲ့ အဖြူစင်ဆုံးတွေပါတဲ့
မြတ်နိုးခြင်း အနမ်းလေးကြောင့် စစ်သွေး ကို ပိုပြီးချစ်သွား
မိသည်။

နောက်ပြီး ပါးလေးကို နမ်းပြီးတော့ မြတ်နိုးစွာနဲ့ သူမ နဖူးလေးကို
အနမ်းလေးတွေ ခြွေနေတဲ့ စစ်သွေး ကြောင့်လည်း ချစ်တာထက်
ပိုသော စစ်သွေး ရဲ့ ဖြူစင်သော အချစ်တွေကြောင့် သူမ
စစ်သွေး ကို ဘယ်တော့မှ လက်မလွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။

အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )Where stories live. Discover now