အချစ်ထက်ပိုသော - (Part - 25 ) ⭐⭐⭐⭐⭐⭐
" ငါ စိတ်ချမယ်နော် ယူရီ.......နောက်ပြီး မျက်ရှင် အနားမှာ
သွားနေပေးလိုက်ပါ.......ခဏနေ သူ နိုးလာတော့မှာ
တော်ကြာ ငါ့ကို မတွေ့ရင် ရှာနေလိမ့်မယ် "ခွဲခန်းထဲ ရောက်တော့မယ့်သူက မျက်ရှင် ကို စိတ်ပူနေတာ
ကြောင့် မျက်ရှင် အစား ယူရီ မျက်ရည်တွေကျလာရသည်။
ခဏလောက်ကြာတော့ ဒေါက်တာက အဆင့်သင့်ဖြစ်ပြီလို့
ပြောလာတာကြောင့် ခွဲစိတ်ခန်းထဲကို ဒေါက်တာနဲ့အတူ
စစ်သွေး က ဝင်သွားခဲ့သည်။ ဒီမြင်ကွင်းလေးကို ယူရီ
အစအဆုံး ကြည့်ပြီးမှ မျက်ရှင် ရှိတဲ့ အခန်းကို သူမ သွား
ခဲ့သည်။" အဆင့်သင့်ဖြစ်ပြီနော် မောင်တောက်စစ်သွေး ...."
" ဟုတ်......ဒေါက်တာ "
စစ်သွေး စကားကြားတာနဲ့ ဒေါက်တာက စစ်သွေး ကို မေ့ဆေး
ထိုးပေးလေသည်။ " ချစ်တယ် မျက်ရှင်........မျက်ရှင် ကို ကိုယ် အရမ်းချစ်တယ်..
......ဒီစကားလေးကို မျက်ရှင် ကို အချိန်မှီ ပြောခဲ့နိုင်တဲ့ အတွက်
ကိုယ် နောင်တမရဘူး......ဒါပေမဲ့ ကိုယ့် နောက်ဆုံး အချိန်မှာ မျက်ရှင် ဆီကနေ ချစ်တယ်လို့ မကြားလိုက်ရတဲ့အတွက်
ကိုယ် စိတ်မကောင်းဖြစ်မိတယ်........ချစ်တယ် မျက်ရှင်....
ကိုယ် မျက်ရှင် ကို ကိုယ့် အသက်ထက်ပိုချစ်တယ်...
ကိုယ် မရှိတော့ရင် ဘဝကို ပျော်ရွင်စွာနဲ့ ဖြတ်သန်းပေးပါနော်
ကိုယ်ရဲ့ မျက်ရှင်လေး..... "မေ့ဆေးထိုးပေးနေတုန်း ဒီစကားလေးကို သူ့ နှူတ်ဖျားကနေ
တိုးတိုးလေး စစ်သွေး ပြောနေခဲ့သည်။ ခဏနေလည်း ကြာရော
မေ့ဆေး အရှိန်ကြောင့် အမှောင်ကမ္ဘာကြီးထဲကို စစ်သွေး
ရောက်ရှိသွားခဲ့သည်။ဒေါက်တာ ကလည်း စစ်သွေး အိပ်ပျော်သွားတော့
အသက်ရှင်နေတဲ့ လူတစ်ယောက်ဆီကနေ နှလုံးကို သူ ယူရမှာ ဆိုတော့ စစ်သွေး မျက်နှာကို မကြည့်ရက်တာကြောင့် သူ ထိုးလိုက်တဲ့ မေ့ဆေးအရှိန်ကြောင့် အိပ်ပျော်နေတဲ့ စစ်သွေး
မျက်နှာထက်ကို ပုဝါဖြူလေး အုပ်ပြီးခွဲစိတ်ဖို့ ပြင်လေသည်။
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား