Part (21) Zg + Uni

1.7K 61 0
                                    

အချစ်​ထက်​ပို​သော - (Part - 21 ) ⭐⭐⭐⭐⭐⭐

ပါးပါး ဘာကြည့်​​နေတာလဲ လာ​လေ ......မားမား
ပါးပါး လည်း နမ်းလိုက်​အုံး "

မျက်​ရှင်​ က ဘွိုင်း​လေး ကို နမ်း​နေတာကို သူ ကြည့်​ပြီး ပီတိ
ဖြစ်​​နေတုန်း ​ကောက်​ကာငင်​ကာ ​ပြောလိုက်​တဲ့ ဘွိုင်း​လေး
စကား​ကြောင့်​ သူ့ ရင်​အရမ်းခုန်​သွားရသည်​။
မျက်​ရှင်​ ကို ကြည့်​လိုက်​​တော့လည်း မျက်​နှာ​လေးက နီရဲသွား
တာ​ကြောင့်​ ရင်​​တွေက အခုန်​မြန်​ပြီးရင်း မြန်​လာရသည်​။

" မားမား ပါးပါးကို မနက်​ခင်းအနမ်း ​ပေးလိုက်​အုံး​လေ.....
ဘာလဲ မနမ်းဘူးလား .....ဒါဆို ဘွိုင်း​လေး
ငိုမှာ​နော်​ မားမား .......​"

စစ်​​သွေး ကို နမ်းဖို့အတင်းတိုက်​တွန်း​နေတဲ့ ဘွိုင်း​လေး ​ကြောင့်
မျက်​ရှင်​ ရှက်​ပြီး မျက်​နှာပူ​နေမိသည်​။ 
ဒါကို အလိုက်​မသိတဲ့ စစ်​​သွေး က မျက်​ရှင်​ ကို ပြုံးပြုံးကြီး ကြည့်​​နေ​တော့ လူက မ​နေတတ်​​တော့​ပေ။နောက်​ပြီး စစ်​​သွေး ကို
နမ်းဖို့ ငိုမဲ့မဲ့​လေး ​ပြော​နေ​​သော ဘွိုင်း​လေး ​ကြောင့်​ မျက်​ရှင်​ ဘာဆက်​လုပ်​ရမှန်း မသိ​တော့​ပေ။

" မားမား ...မားမား မနမ်းရင် ပါးပါး ကို နမ်းခိုင်းမှာနော်.... ပါးပါး နမ်းလိုက်လေ မားမား ကို မနက်ခင်းအနမ်း "

ဘာဆက်လုပ်ရမှန်းမသိ မျက်ရှင် ဖြစ်နေတဲ့ အချိန်မှာ ဘွိုင်းလေး ရဲ့စကားကြောင့် လူက တုန်သွားရသည်။ ဒါတင်မကသေး
ဘွိုင်းလေး စကားကြောင့် မျက်ရှင် မျက်နှာအနားဝဲလာတဲ့
စစ်သွေး ကြောင့် ခြေဖျားလက်ဖျားတွေက အေးစက်လာမိသည်။

"တောက်စစ်သွေး.. .....နင်...... နင်. ....နင်
ဘာလုပ်မလို့လဲ ...!!! "

တစ်စ တစ်စနဲ့ မျက်ရှင် မျက်နှာအနား ကပ်လာတဲ့ သူ ကြောင့်
လူက ထိတ်လန့်စွာနဲ့ စကားတွေကို ထစ်အစွာမေးမိသွားသည်။
ဒါတောင် ခြေဖျားလက်ဖျားတွေက အရမ်းအေးစက်နေပြီး
ရင်တွေက အရမ်းခုန်နေသည်။

" ဘွိုင်းလေး နမ်းခိုင်းလို့ ကိုယ် နမ်းမလို့ပါ မျက်ရှင်.....
ဘာဖြစ်လို့လဲဟင်.. ..."

အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )Where stories live. Discover now