အချစ်ထက်ပိုသော - (Part - 8) ⭐⭐⭐⭐⭐⭐
" အား ....."
" နာလိုက်တာ ......ဗိုက်က အရမ်းနာတာပဲ....အား ....
အား.....ကယ်ကြပါအုံး... နာလိုက်တာ"ကြံရာမရတဲ့အဆုံး ဓာတ်ခွဲခန်းထဲ ဝင်ဖို့ အနည်းငယ်
ပဲလိုတော့တဲ့ နာ့စ်မ ကြားအောင် ကလျာ ထအော်လေသည်။
ကလျာ အော်တာနဲ့ နာ့စ်မ လည်း ဓာတ်ခွဲခန်းထဲ မဝင်တော့ဘဲ
ကလျာ ဆီပြေးလာလေသည်။နာ့စ်မ ကလည်း ဗိုက်အောင့်နေတဲ့ ကလျာ ကို စိတ်ပူပြီး
ကလျာ ကိုယ်လေးကို အမြန်ကူထိန်းပေးကာ ဓာတ်ခွဲခန်းပေါက်ဝမှာ ရပ်ထားတဲ့ သူ့တွန်းလှည်းဆီ ခေါ်လာခဲ့သည်။
သူ့ ဆေးရုံတွန်းလှည်း ဆီ ရောက်တာနဲ့ နာ့စ်မကလည်း ကလျာ သောက်ဖို့ တွန်းလှည်း အောက်ထပ်က အကန့်ကနေ ဆေးကို အမြန်ရှာလေသည်။ဒီအချိန်ကို အမိအရ ချောင်းနေတဲ့ ကလျာ ကလည်း
နာ့စ်မ က သူ့တွန်းလှည်းအောက်ကနေ ဗိုက်အောင့်ပျောက်ဆေး
ရှာနေတုန်း အပေါ်ထပ်အကန့်မှာ ရှိတဲ့ သွေးပုလင်းဘူးသေး
သေးလေးကို အမြန်ယူပြီး သူ့လက်ထဲက သွေးပုလင်းဘူးသေး
သေးလေးကို အစားထိုးလိုက်သည်။ပြီးသွားတာနဲ့ နာ့စ်မ ကို ဗိုက်အောင့်ပျောက်ဆေး မရှာခိုင်းတော့
ဘဲ သက်သာသွားပြီ ပြောရင်း ကျေးဇူးတွေတင်ကာ
ထိုနေရာကနေ အမြန်ထွက်လာ လိုက်သည်။ သူ့ လက်ထဲက သွေးပုလင်းဘူးလေးကိုလည်း toilet ထဲ ဝင်ပြီး toilet ထဲမှာပဲ ထားခဲ့လိုက်သည်။ထားပြီးတာနဲ့ စစ်သွေးတို့ နားကို ကလျာ အမြန်လာခဲ့လိုက်
သည်။ သူမ မသိတာတစ်ခုကတော့ သူမ လဲလိုက်တဲ့
ပုလင်းက ဘွိုင်းလေး ရဲ့ သွေးပုလင်းဖြစ်ပြီး အိမ်သာထဲမှာ
ကျန်နေခဲ့တဲ့ ပုလင်းက ယူရီ သွေးပုလင်းဆိုတာပင်.....။***********************************
" ယူရီ နင် လဲခဲ့တယ်မလား "
" အင်း ငါ လဲခဲ့တယ်.... ဒါကြောင့် နင် စိတ်မပူနဲ့
ဘွိုင်းလေး က စစ်သွေး သားဆိုတာ ဘယ်သူမှ မသိစေရဘူး "
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား