အချစ်ထက်ပိုသော - (Part - 13) ⭐⭐⭐⭐⭐⭐
" မားမား......."
" ဘွိုင်းလေး "
ရှစ်နာရီထိုးတာနဲ့ လေယာဉ်ကွင်းထဲကနေ ထွက်လာတဲ့
ယူရီ လက်ထဲက ဘွိုင်းလေး ကို မျက်ရှင် မြင်တာနဲ့
အတင်းပြေးသွားလေသည်။ ဟိုအခါ ဘွိုင်းလေး ကလည်း
သူ့အမေ မြင်တာနဲ့ မားမား လို့ အကျယ်ကြီး အော်ခေါ်လေ
သည်။ယူရီ လက်ထဲက ဘွိုင်းလေး ကို ပွေ့ပြီး အားရပါးရနဲ့ မျက်ရှင်
အနမ်းတွေ ပေးနေခဲ့သည်။ ဒါကို မနီးမဝေးကနေ စစ်သွေး
ကြည့်ပြီး ပြုံးနေလေ၏ ။ဘွိုင်းလေး ကို မျက်ရှင် နမ်းနေရင်းနဲ့ ရုတ်တရက် ယူရီ က
စပရိုက်လို့ ပြောပြီး အနောက်ကို လက်ညိုးထိုးပြလိုက်တော့
မျက်ရှင် အံ့အားသင့်သွားခဲ့သည်။ ထိုအခါ ယူရီ ကလည်း
အလိုက်တသိနဲ့ ဘွိုင်းလေး ကို မျက်ရှင် လက်ထဲကနေ
ပြန်ချီလိုက်သည်။ အံ့သြပြီး မျက်ရှင် ကြောင်နေတုန်း
ပြီးကျမှ သတိဝင်လာပြီး သူမ ပါးစပ်ဖျားကနေ နာမည်လေး
တစ်ခု ထွက်သွားခဲ့သည်။" စန်စန် ......!!!! "
" အချစ် "
မျက်ရှင် ခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုလူသားကလည်း
မျက်ရှင် ဆီ ပြေးလာပြီး သူ့ပါးစပ်ကလည်း မျက်ရှင် ကို
အချစ်လို့ အော်ခေါ်နေခဲ့သည်။အနားရောက်တာနဲ့ နှစ်ယောက်လုံး တစ်ယောက်ကိုယ် တစ်ယောက် ဖက်ထားကြလေသည်။
ထိုမြင်ကွင်းကို စစ်သွေး မြင်ပြီး သူ့ခြေလှမ်းတွေက မျက်ရှင်တို့
နား ရောက်လာခဲ့သည်။
မျက်ရှင် တို့နားရောက်တာနဲ့ အယ်လ်စန် နဲ့ မျက်ရှင် ဖက်ထား
တာကို စစ်သွေး အမြန်ခွာပစ်လိုက်သည်။" ဟေ့ယျောင် .....မင်း ဘယ်သူလဲ ဘာကိစ္စ မျက်ရှင် ကို
ဖက်ရတာလဲ "ရုတ်တရက် မျက်ရှင် ကို ဖက်နေတုန်း ကောင်လေး တစ်ယောက်
ရောက်လာပြီး မျက်ရှင် ကို ဖက်နေတဲ့ သူ့ကိုယ်ကြီးကို အတင်း
ဆွဲဖယ် လိုက်တာကြောင့် အယ်လ်စန် ကြည့်လိုက်မိ၏ ။
YOU ARE READING
အချစ်ထက်ပိုသော ( တောက်စစ်သွေး + ညို့မျက်ရှင် )
Romanceကိုယ့် ဘေးနားက သူငယ်ချင်းမလေးကိုမှ ချစ်လို့ချစ်နေမှန်း မသိခဲ့ဘူး ချစ်နေတာ သိလိုက်ရတော့ သိပ်ကို နောက်ကျသွားပြီလား