Part 4

7.5K 524 5
                                    

Unicode

ထမင်းစားဝိုင်းမှာ ဧည့်သည်နှစ်ယောက်အပါအဝင်အိမ်ရှိမိသားစုအကုန်ရှိနေ၏။ ဦးသိန်းဖေက သားတွေသမီးတွေနဲ့အရေးပိုင်ကိုမိတ်ဆက်ပေးပြီး ထမင်းစားဖို့တိုက်တွန်းတော့၏။ သစ်သားစားပွဲခြေရှည်နဲ့ကုလားထိုင်ခြေရှည်ပေါ်မှာထိုင်ကာ အိမ်ကြီးထဲတွင်ထမင်းဝိုင်းပြင်ထားတာဖြစ်၏။ သူတို့မိသားစုပဲဆိုရင် မီးဖိုချောင်မှာစားနေကြပေမယ့် ဧည့်သည်တွေရှိတော့မတူ။ ထမင်းစားရင်း ထင်ရိုင်းနောင်လေ့လာမိသလောက်က အကြီးဆုံးသမီးကြီးကအိမ်ထောင်နဲ့ဖြစ်ပြီး ကိုယ်ဝန်နဲ့ဖြစ်၏။ မိန်းမပျိုလေးနှစ်ယောက်က ဘယ်သူအငယ်မှန်းမသိပေမယ့် တစ်ယောက်သွက်သည်သူ့ကိုတောင်ဟင်းတွေဘာတွေထည့်ပေးတာဖြစ်၏။ ဒါဆိုသူကြီးပြောပုံအရ သားနှစ်ယောက်ထဲကတစ်ယောက်ကသူတို့အိတ်တွေလိုက်ပို့သူဖြစ်ပြီး ဖြူဖြူဥဥလေးကအငယ်ဆုံးဖြစ်လောက်သည်။ အဲ့ဒိဖြူဖြူဥဥလေးက သူ့ထက် ၂နှစ်ကြီးသည်တဲ့။ စားနေရင်းသတိထားမိတာက ဖြူဖြူဥဥလေး စိုင်းဠုယျာကဟင်းတွေခပ်မစားတာပဲ။ အရွက်ကြော်နဲ့ဟင်းချိုလောက်သာစား၏ ဒါကသူတို့ရှိလို့ရှက်နေသည်လား။ ဒါပေမယ့် မမကြီးဆိုသူစကားကြောင့်သူဘာမှန်းသိလိုက်၏။

"မောင်ငယ်လေး မမကြီးငါးသွားကြော်ပေးရမလား"

"ရတယ်မမကြီး အရွက်ကြော်နဲ့အဆင်ပြေတယ်"

သူသေချာဂရုစိုက်နားထောင်နေမှန်းသိလို့လားတော့မသိ ဦးသိန်းဖေကဝင်ကာ

"လူလေးက အသားတွေမစားလို့လေ အရေးပိုင်တို့အားမနာနဲ့စားကြပါ"

သူ့ကို အဲ့တော့မှမော့ကြည့်တဲ့စိုင်းဠုယျာ။ တစ်ချိန်းလုံးခေါင်းငုံ့ကာ ထမင်းစားနေသူက ဒီနေ့အဖို့သူနဲ့မျက်လုံးချင်းဆုံတာနှစ်ခါမြောက်ပါပဲ။ သူပြုံးပြမိတော့ ပြန်ပြုံးပြ၏ လှသည် သိပ်ကိုလှသည့်အပြုံးဖြစ်သည်။ ပြုံးလိုက်တာနဲ့မို့တတ်သွားတဲ့ပါး‌လေးကအစလှ၏။ ဘာကြောင့်ခင်ဗျားကအဲ့လောက်လှနေတာလဲ စိုင်းဠုယျာ!။ ညဘက်မှာတော့ အိမ်ရှေ့ကွက်ပစ်မှာထိုင်ကြပြီး အကြမ်းရေအိုးတည်ကာငါးရန့်ခြောက်ဖုတ်ဆီစမ်းချပေးကာ စကားဝိုင်းဖွဲ့ပြောကြ၏။

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiМесто, где живут истории. Откройте их для себя