Part 8

5.9K 419 8
                                    

Unicode

"ထင်‌နောင် ဒီအိမ်ကအငယ်ဆုံးသားက စကားသိပ်မပြောဘူးနော် ငါတို့လာတာမကြိုက်လို့များလား"

ထင်ရိုင်းနောင်ကိုသူ့သူငယ်ချင်းတွေက အလယ်နာမည်ဖျောက်ကာထင်နောင်လို့ခေါ်ကြ၏။ နုရည်ဆို နောင်လို့ တစ်မျိုးထဲကွဲထွက်အောင်ခေါ်သေးတာဖြစ်သည်။ စိုင်းဠုယျာကလူငယ်ဖြစ်ပြီးသူတို့နဲ့သိပ်အရောမဝင်တာကြောင့် ညီအောင်ကမေးလိုက်ချင်းဖြစ်၏။

"အင်း ဠုယျာက တစ်ယောက်ထဲသီးသန့်နေတတ်လို့"

"သူ့နာမည်က စိုင်းဠုယျာ မဟုတ်ဘူးလား ဘယ့်နဲ့ကြောင့်.."

"အင်း ရှည်လို့ငါက ဠုယျာလို့ပဲခေါ်တာ"

"နောင် နင်ကသူနဲ့အရမ်းခင်တာပဲလား ငါတို့လိုလေ"

"နင်တို့လိုနဲ့မတူတဲ့ အနေအထားနဲ့ရင်းနှီးတာ"

နောင့်အဖြေကို နုရည်သဘောမကျ အတိအကျဘာကိုဆိုလိုချင်တာလဲ သူမသိ သူ့စိတ်ထဲဘဝင်မကျတာတော့သူသိ၏။ နုရည်ဆိုတာ ‌ကောလိပ်မှာထင်ပေါ်တဲ့ထင်ရိုင်းနောင်နဲ့ခင်ခွင့်ရတဲ့သူငယ်ချင်းမလေးမဟုတ်လား။ နုရည်လဲ တခြားသူတွေလိုပင် နောင့်ကိုတိတ်တိတ်လေးသဘောကျနေသူပါ။ ပိုက်ဆံရှိအသိုင်းအဝိုင်းဖြစ်တဲ့နုရည်မိဘတွေဆို နောင့်အကြောင်းပြောပြထဲက ရင်းနှီးနေတာ ဒီကြားထဲ အရေးပိုင်ဖြစ်နေပြီဆိုတာသိတော့ ပိုပြီးသဘောကျနေတာဖြစ်၏။ သူမလဲနောင်နဲ့ရှေ့ဆက်အဆင့်တတ်လို့ရအောင်ကြိုးစားမှာဖြစ်သည်။ နောင့်ကိုသူမလက်မလွှတ်နိုင် နောင်ကသူနဲ့ပဲရေစက်ပါလာသူပဲဟု သူထင်သည်။ ဒါကြောင့်လဲညီအောင်ကိုအဖော်စပ်ကာ လိုက်လာခဲ့ချင်းဖြစ်၏။ သူမနောင့်ကိုလက်လွှတ်ခံမှာမဟုတ်။

"ဒါနဲ့ သက်ဇော်တောင် ဒီနယ်ဘက်ကိုတာဝန်ကျတယ်လို့ကြားတယ်"

သက်ဇော်ဆိုတာအရင်က သူတို့နဲ့တစ်ဖွဲ့ထဲလိုပင်။ သက်ဇော်နဲ့ချစ်ကြိုက်နေတဲ့မိန်းကလေးက ထင်ရိုင်းနောင်ကိုတွေ့ပြီး ထင်ရိုင်းနောက်ဘက်စိတ်လည်လာကာ သက်ဇော်နဲ့အဆင်မပြေပဲလမ်းခွဲသွားတဲ့အထိဖြစ်သွား၏။ အမှန်တကယ်ဆို ထင်ရိုင်းနောင်နဲ့ကဘာမှမဆိုင် မိန်းကလေးဘက်ကပဲဖြစ်နေတာ။ ဒါကိုသက်ဇော်က ထင်ရိုင်းနောင်ဘက်ကစလို့သူ့ချစ်သူက ပါသွားပြီးသူ့ကိုပစ်သွားတာဟုဆိုကာ အချင်းပွားပြီးတစ်ယောက်ထဲကွဲထွက်သွားတာဖြစ်၏။ သက်ဇော်ချစ်သူမိန်းကလေးက သက်ဇော်နဲ့လမ်းခွဲပြီးသွားပေမယ့် နောင်နားမှာပဲကပ်နေတာကြောင့်အထင်လွဲသွားတာလဲပါသည်။ သူတို့ကလဲ သက်ဇော်ချစ်သူဖြစ်တာကြောင့်အပေါင်းအသင်းလုပ်တာဖြစ်ပြီး ဒီမိန်းကလေးကသက်ဇော်ဆိုတစ်မျိုးထင်ရိုင်းနောင်ကိုတွေ့ရင်တမျိုးပြောနေတာကြောင့်ရှင်းလို့မရတော့ပဲ သူတို့နှစ်ယောက်ကမတည့်တော့တာ။ ပိုဆိုးသွားတဲ့ကိစ္စကသက်ဇော်ကောင်မလေးက ထင်ရိုင်းနောင်ကိုချစ်ရေးဆိုပြီးထင်ရိုင်းနောင်က ပြန်မချစ်နိုင်တဲ့အကြောင်း ကောလိပ်တစ်ခုလုံးသိသွားတာဖြစ်ပြီး ထိုမိန်းကလေးက နောက်ဆုံးလူတွေဝိုင်းသရော်တာကြောင့် ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတာပါပဲ။ ပထမအထင်လွဲမှုကနေနောက်ဆုံးထင်ရိုင်းနောင်ကြောင့် အဆုံးစီရင်သွားတယ်ဆိုတဲ့အစွဲကြီးသက်ဇော်ဆီစွဲကပ်သွားတာဖြစ်၏။ သက်ဇော်ကထင်ရိုင်းနောင်ကိုအမုန်းကြီးမုန်းနေတာဖြစ်သည်။ ဘယ်လိုပဲသူ့ကိုပစ်သွားတဲ့ချစ်သူဆိုပေမယ့်သူတကယ်ချစ်ခဲ့တာကြောင့်သူ့ကိုဘယ်လိုမှဖြန်ဖြေ၍မရတော့တဲ့အထိပင်။ သက်ဇော်က နုရည်နဲ့ညီအောင်နဲ့တော့အဆက်အသွယ်လုပ်၏။

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiOnde histórias criam vida. Descubra agora