Unicode
(Warning ! a little bit)
"ကိုကို ထတော့အောက်မှာ ကိုကို့ဘဲကြီးရောက်နေတယ်"
"ဟင်!"
စောင်ပုံထဲကသူ့ကိုဦးယျာကလာနှိုးနေတာ။ နေပါအုန်း ဘယ်အချိန်ရှိသေးလို့လဲ သူရောက်နေရအောင်။ မနေ့ညကလဲ အလုပ်ပြီးတော့သူနဲ့ဖုန်းပြောရသေး ညဉ့်နက်မှအိပ်ဖြစ်တာကိုအခုလဲအစောကြီး။
"ထလို့ အောက်မှာစောင့်နေတယ် ဖေဖေနဲ့စကားပြောနေတယ်"
"အင်း အင်းထပြီ"
ဦးယျာက သူမကိုကို ထပြီးရေချိုးခန်းထဲဝင်မှပြန်ထွက်သွား၏။ ဟင်းကိုကိုကတခြားသူပဲလိမ်လို့ရရင်ရမယ်သူမကိုတော့လိမ်လို့မရ။ မနေ့ကပြန်လာပြီးလည်ပင်းမှာအမှတ်တွေပါလာတာ ဖေဖေနဲ့မေမေမတွေ့ပေမယ့် သူမကတော့တွေ့တယ်လေ။ ညထဲကသူမသိချင်တာမသိရမချင်း အခန်းအပြင်မထွက်ပဲ !ကိုကိုနဲ့အစ်ကိုကြီးထင်ရိုင်းနောင်နဲ့ကြိုက်သွားပြီမို့လား! ဆိုပြီးမရမကမေးထားတာ။ နောက်ဆုံးမပြောမချင်းနှင်ထုတ်လို့မရလို့သာ သူမကိုပြောပြတာဖြစ်၏။ ကြည့်ရတာဒီနေ့ ဒိတ်မလို့ထင်သည် ဟိုကအစောကြီးရောက်ချလာပြီး ဖေဖေနဲ့စကားပြောကာစောင့်နေ၏။ သူမအောက်ပြန်ဆင်းကာ မေမေနဲ့မနက်စာကူပြင်ပေးလိုက်၏။ အိမ်မှာ ကိုကိုမုန့်ဟင်းခါးစားချင်တယ်ဆိုလို့ မေမေကစောစောစီးစီးထချက်ပြီး မုန့်ဖက်ရောဟင်းချက်ဖို့ပါဝယ်ပြီးဈေးကပြန်လာပြီဖြစ်သည်။
ရေချိုးပြီး အဝတ်လဲကာဖုန်းနဲ့ပိုက်ဆံအိတ်ကောက်ယူပြီးအောက်တင်းလာတော့ ဧည့်ခန်းထဲမှာ ဖေဖေနဲ့စကားပြောနေတဲ့ထင်ရိုင်းနောင်။ သူဧည့်ခန်းအရင်မသွားပဲ မီးဖိုချောင်ဘက်အရင်ဝင်လိုက်၏။
"သား နိုးပြီလား"
"ဟုတ်မေမေ"
"အင်း မုန့်ဟင်းခါးလဲရပြီး မင်းညီမဘာစိတ်ကူးပေါက်လဲမသိ ပြင်ပေးနေတယ်အစအဆုံး၊ သားထင်ရိုင်းနောင်လေးပါ တစ်ခါထဲဝင်စားခိုင်းလိုက်လေ"
"ဟုတ် မေမေ ကျွန်တော်သွားခေါ်လိုက်မယ်"
သူဧည့်ခန်းဘက်ထွက်လာကာ
ESTÁS LEYENDO
နေဝင်ချိန် (Complete) Rebirth Uni & Zawgyi
Fantasíaထင်ရိုင်းနောင် + စိုင်းဠုယျာ 5th Creation Start : 31.3.2022 End : 24.4.2022 ကိုယ်ရေးသော fic များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်းမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။ Hsu ထင်ရိုင်းနောင် + စိုင်းဠုယျာ ကိုယ်ရေးသော fic...