Part 13

5.6K 433 9
                                    

Unicode

လက်ရှိကာလ ၂၀၂၂ ခုနှစ်

အိပ်မက်တွေတောက်လျှောက်မက်ပြီးတဲ့နောက်မှာ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေ အလုပ်လုပ်ရတာတွေကစိတ်မပါတော့။ နေ့တိုင်းသူ့ကိုစိုးမိုးနေတာ သူ့ပါးစပ်သွေးအန်နေတဲ့ပုံတွေပါပဲ။ အိပ်မက်ထဲမှာနာမည်တွေရေရွတ်နေပေမယ့် သူမကြားရ မျက်နှာတွေလဲဝေဝါးနေသည်။ သူ့အိပ်မက်တွေကတစ်ကယ်ပဲပြီးဆုံးသွားပြီဖြစ်သည်။ အေးလေ သူသေဆုံးသွားပြီမလား ဘာများထပ်ပြီးဆက်မက်နေရအုန်းမှာလဲ။ လှုပ်လီလှုပ်လဲ့အောက်ကိုဆင်းလာကာ မနက်စာစားဖို့ဝင်လာတော့ မေမေကသူ့ကိုကြည့်ကာ

"သား ဠုဠု နေမကောင်းဘူးလား တစ်ရက်တစ်လေနားလိုက်ပါလား သားကြည့်ရတာ အားမရဘူး ဆေးလေးဘာလေးသွားစစ်ကြည့်ရအောင်"

"ကျွန်တော် ဘာမှမဖြစ်ဘူးမေမေ အိပ်ရေးသိပ်မဝလို့"

"ကုမ္ပဏီမှာ အလုပ်ပူနေလို့လားသား"

ဖေဖေကပါဝင်မေးတော့သည်။

"မပူပါဘူး ဖေဖေ ကျွန်တော်အိပ်မက်တွေမက်ပြီး အိပ်ရေးပျက်နေလို့ပါ"

"အေးကွာ ပင်ပန်းရင်လဲ နားနားနေနေ,နေ၊ PA နဲ့အလုပ်တွေလွှဲထားလို့ရရင်လဲလွှဲထား၊ တစ်ခါတစ်လေ ကိုယ့်ရဲ့အားလပ်မှုကို ကိုယ်ကိုတိုင်ရှာဖွေရတယ်၊ သားတစ်ရက် ရုံးမသွားလို့လဲ ဘာမှမဖြစ်ပါဘူး"

"ဟုတ်ကဲ့ ဖေဖေ"

"သားတို့ CEO, ထင်ရိုင်းနောင်တောင်ပြန်ရောက်နေပြီ၊ နောက်ရက်မှရုံးတက်လိမ့်မယ် ဒီဘက်မှာကသူသိပ်မကျွမ်းကျင်တော့ အခုလောလောဆယ် ပတ်ဝန်းကျင်နဲ့လမ်းတွေလိုက်လေ့လာနေလို့တဲ့"

"အင်း လေ့လာမှပဲ ဒီကလေးက တစ်နှစ်တစ်ခါလောက်ပဲ သူ့အဖေဆီလာတာပဲရှိတာကို သူလာလဲအပြင်ထွက်မှမထွက်ပဲ၊ ဒါနဲ့သူ့စေ့စပ်ပွဲက‌ဘယ်တော့လဲ"

"အခုလောလောဆယ်တော့ မလုပ်ဖြစ်သေးဘူး၊ နောက်မှဒီမှာပဲလုပ်ဖြစ်မယ်ထင်တယ်၊ မိန်းကလေးကလဲ မြန်မာပဲဆိုတော့"

မေမေတို့စကားဝိုင်းထဲကိုသူမဝင်မိ နားတော့ထောင်ဖြစ်သည်။ ထိုအချိန် ညီမလေးကထမင်းစားခန်းထဲဝင်လာ၏။

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiWhere stories live. Discover now