Part 12

5.5K 438 15
                                    

Unicode

"အစ်ကိုစိုင်းဠုယျာ မမကိုဘယ်မှာတွေ့မိလဲ"

"မသိဘူး"

စိုင်းဠုယျာကအိမ်နောက်ဘက်ကပြန်လာတာဖြစ်ပြီးအိမ်ထဲအဝင်သက်ဇော်နဲ့တိုးတာဖြစ်သည်။ သက်ဇော်ကိုပြောပြီးတာနဲ့ကျော်သွားဖို့လုပ်ပေမယ့် သက်ဇော်ကသူ့လက်ကိုဖမ်းကိုင်ထား၏။ အမှန်သက်ဇော်ဒီရက်ပိုင်းမှာ စိုင်းဠုယျာကိုကြည့်,ကြည့်နေတာ ထင်ရိုင်းနောင်ကြိုက်မယ်ဆိုလဲကြိုက်ချင်စရာ။ သူတို့ထက်အသက်သာကြီးတာ စိုင်းဠုယျာကအငယ်လေးလိုပင်။

"ဒါဘာလုပ်တာလဲ လွှတ်စမ်း"

"လက်လေးကိုင်တာဘာဖြစ်သွားလို့လဲ ပဲ့ပါသွားလို့လားအစ်ကိုစိုင်းဠုယျာ၊ ထင်ရိုင်းနောင်နဲ့ကျဖက်လိုက်ကိုင်လိုက်လုပ်နေပြီးတော့ ကျုပ်ပြောပြထားတယ်လေ ထင်ရိုင်းနောင်ပေးသလိုကျုပ်လဲပေးနိုင်တယ်လို့"

"မက်ရိုင်းလိုက်လား"

ခွပ်!

ခွပ်!

နှစ်ချက်လောက်ထိုးလိုက်တဲ့အချိန်မှာ သက်ဇော်ကနောက်ကိုဖင်ထိုင်ရက်လဲကျသွား၏။ ဆူညံသံကြားလို့ထင်သည် နောက်ဘက်က အဘတို့အမတို့နဲ့မမတို့ကပါရောက်လာ၏။

"ဟယ် သက်ဇော်ဘာဖြစ်တာလဲ၊ စိုင်းဠုယျာ ဒါမင်းယောက္ဖပါ မင်းဘာလုပ်လိုက်တာလဲ"

"ငါဘာလုပ်လုပ် လုပ်သင့်လို့လုပ်တာနင်နဲ့မဆိုင်ဘူး"

"ဟဲ့ ငါ့ယောကျာ်းကိုနင်ထိုးလိုက်တာ ငါနဲ့မဆိုင်လို့ဘယ်သူနဲ့ဆိုင်မလဲ"

သူ့ယောကျာ်းက ကိုယ့်ကိုရိသဲ့သဲ့လုပ်နေတာ အရှက်တကွဲအကျိုးနဲဖြစ်မှာဆိုးလို့မပြောပဲထားတာကိုအဟုတ်ကြီးထင်နေသည်။

"မမရယ်ကျုပ်ဘာမှမဖြစ်ပါဘူး အစ်ကိုကယောကျာ်းလေးချင်းသဘောကျသူဆိုတော့ ကျုပ်ကိုထိရင်ကျုပ်ကမကြိုက်ဘူးဆိုလို့ ဒေါသထွက်သွားတာပါ၊ ဘာမှမဖြစ်ပါဘူး"

"ခွေးစကားပြောတာဟုတ်လား ဒီလူ့အမှိုက်ကတော့"

စိုင်းဠုယျာက ထပ်ထိုးဖို့ပြင်၏။

"ဟဲ့ နင်ရပ်စမ်းနင့်ပါနင်ယောကျာ်းကြိုက်ရင် ထင်ရိုင်းနောင်ရှိနေတာ ငါ့ယောကျာ်းကိုမမြှူစွယ်နဲ့"

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiМесто, где живут истории. Откройте их для себя